သခွားသီးက ကျန်းမာရေးအတွက် ညီညွတ်တဲ့ အသီးအနှံတစ်မျိုးဖြစ်ပြီး ဒီအတိုင်းစားလည်း စားကောင်းပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပြီး ကယ်လိုရီလောင်ကျွမ်းမှုအားကောင်းချင်ရင် သခွားသီး Detox ဖျော်ရည်ကို နေ့စဉ်သောက်သင့်ပါတယ်။

ဗီတာမင်ဓာတ်တွေအများကြီးပါဝင်

ရေတစ်ခွက်ထဲကို သခွားသီးတွေထည့်ထားလိုက်ရင် အဲ့ဒီရေထဲမှာ ဗီတာမင် A နဲ့ C ဓာတ်တွေ ကြွယ်ဝစွာပါဝင်သွားပါတယ်။

အဲ့ဒီအပြင် ဗီတာမင် E လည်း ပျော်ဝင်သွားပါလိမ့်မယ်။ ဒီလို သခွားသီးစိမ်ထားတဲ့ရေကိုသောက်ခြင်းဖြင့် လေထုညစ်ညမ်းမှုနဲ့ဆေးလိပ်ငွေ့တို့ကြောင့် ဆဲလ်တွေနဲ့ အရေပြားတွေက ပျက်စီးတာကို လျော့ချပေးပါတယ်။

သွေးဖိအားကို လျော့ချပေး

သခွားသီးစိမ်ထားတဲ့ရေကိုသောက်ခြင်းဖြင့် သွေးဖိအားကို လျော့ချပေးနိုင်ပါတယ်။ သခွားသီးမှာ အစိုဓာတ်နဲ့ပိုတက်ဆီယမ်ဓာတ်တို့ပါဝင်တာကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးလုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် ကြွက်သားတွေကို သက်တောင့်သက်သာရှိစေပါတယ်။

ဆာလောင်မှုကို လျော့ချပေး

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေလုံလောက်စွာရှိနေရင် ဆာလောင်မှုကို လျော့ချပေးနိုင်ပါတယ်။

အသားအရေ ကျန်းမာရေးအတွက် ကောင်းမွန်

အသားအရေ ချောမွတ်ပြီး လူငယ်တစ်ယောက်ရဲ့အသားအရေလို လှပအောင် ကူညီပေးနိုင်ပါတယ်။

အသည်းကျန်းမာရေးအတွက်ကောင်းမွန်

သခွားသီးစိမ်ထားတဲ့ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသည်းရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဗီတာမင် A, B နဲ့ C တို့ပါဝင်တဲ့အပြင် ကယ်ဆီယမ်၊ Phosphorus နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။

ဒီဓာတ်တွေက အသည်းရဲ့ ဆဲလ်တွေအတွက်ကောင်းမွန်ပါတယ်။

သခွားသီး Detox ကို ဘယ်လိုလုပ်မလဲ

သခွားသီး ၁လုံးကို ပါးပါးလှီးလိုက်ပါ။ ပြီးရင် ရေ ၁ လီတာ သို့မဟုတ် ၁လီတာခွဲထဲထည့်ပြီး မွှေလိုက်ပါ။

သံပုရာသီး ၁လုံးရဲ့ တစ်ဝက်ကို လှီးလိုက်ပြီး ခုနက ရေထဲကို ညှစ်ထည့်လိုက်ပြီး မွှေပါ။ ပြီးရင်သောက်လို့ရပါတယ်။