ကန်စွန်းဥက အာဟာရလည်း ကြွယ်ဝပြီး၊ ကယ်လိုရီပါဝင်မှုလည်း နည်းတဲ့အပြင် ဈေးနှုန်းလည်းသက်သာပါတယ်။

ကင်ဆာရောဂါကိုကာကွယ်

ကန်စွန်းဥမှာ Beta Carotene နဲ့ တခြား Carotenoids ဓာတ်တွေပါဝင်ပါတယ်။ ဒါတွေက အားကောင်းတဲ့ Antioxidant ဓာတ်တွေဖြစ်ပြီး ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် B6 ပါဝင်မှုများ

ဗီတာမင် B6 က ခန္ဓာကိုယ်ထဲမှာရှိတဲ့ Homocysteine ဓာတုဓာတ်ကို လျော့ချပေးပါတယ်။ Homocysteine ဓာတ်များလာရင် ခန္ဓာကိုယ်ထဲက လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး နှလုံး ရုတ်တရပ် ရပ်တန့်တာတို့ဖြစ်နိုင်ပါတယ်။

ဗီတာမင် C ဓာတ်ပါဝင်မှုများ

ဗီတာမင် C က အအေးမိ၊ ဖျားနာတာကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် အရိုး၊ သွား၊ အစာခြေစနစ်၊ သွေးဆဲလ်တွေဖွံ့ဖြိုး ကြီးထွားဖို့အတွက်လည်း ကောင်းပါတယ်။ အဲ့ဒိအပြင် အနာကိုလည်း လျင်မြန်စွာကျက်နိုင်ပါတယ်။

ဗီတာမင် D ပါဝင်မှုများ

ဗီတာမင် D က ကိုယ်ခံအားစနစ်အတွက် အထူးကောင်းမွန်ပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်မှာ အားရှိစေပြီး ကျန်းမာတဲ့ အရိုးတွေကို တည်ဆောက်ပေးကာ၊ နှလုံး၊ အာရုံကြော၊ အရေပြားနဲပ သွားတို့ကို ကျန်းမာစေပါတယ်။ အဲ့ဒီအပြင် သွိုင်းရွိက် Gland ကိုလည်းကောင်းစေပါတယ်။

သံဓာတ်ပါဝင်

အားအင်ပြည့်ဝဖို့အတွက် သံဓာတ်က အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သွေးနီဥ၊ သွေးဖြူဥ ဆဲလ်တွေ ထုတ်လုပ်ခြင်း၊ စိတ်ဖိစီးမှုကို ခံနိုင်ခြင်း၊ ကိုယ်ခံအားကောင်းစေဖို့တို့အတွက် သံဓာတ်က အဓိကကျပါတယ်။

မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်

စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးလွှတ်ကြော၊ အရိုး၊ နှလုံး၊ ကြွက်သားတို့အတွက် မဂ္ဂနီဆီယမ်ဓာတ်က အရေးကြီးပါတယ်။

ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝ

ပိုတက်ဆီယမ်ဓာတ်က နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး ကြွက်သားကို တင်းမာမှုကို သက်သာစေပါတယ်။