[Unicode]

စားလို့ရတဲ့ အစေ့တွေဖြစ်တဲ့ (ဥပမာ ဖရုံစေ့တို့ကို) လှော်ပြီး စားသင့်ပါတယ်။ လှော်ထားတဲ့ အစေ့တွေမှာ

  • အမျှင်ဓာတ်တွေပိုပြီး ပါဝင်ပါတယ်။ ခွက်တစ်ခွက်ရဲ့ ၄ ပုံ၁ပုံလောက်ဘဲရှိတဲ့ အစေ့တွေမှာဆိုရင် အမျှင်ဓာတ် ၄ ဂရမ်လောက်ပါဝင်ပါတယ်။
  • လှော်ထားတဲ့ အစေ့တွေမှာ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံလောက်ရှိတဲ့ အစေ့တွေမှာတောင် ပရိုတင်းဓာတ် ၃ ဂရမ်လောက်ပါဝင်ပါတယ်။

pumpkin-seeds-with-pumpkin-and-leaves

  • အစေ့တွေက ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေ၊ သံဓာတ်၊ ဖော်လစ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်နဲ့ ဇန့်ဓာတ်တို့ ကြွယ်ဝပါတယ်။

လှော်ထားတဲ့ အစေ့ တစ်အောင်စမှာ သံဓာတ် 4 mg လောက်ပါဝင်ပါတယ်။

  • အခွံမာအသီးတွေနဲ့ အလက်ဂျစ်ရှိသူတွေကလည်း အစေ့တွေကို လှော်စားသင့်ပါတယ်။

IMG_4921-750x563

  • ကွေကာအုပ်၊ ဟင်းချို၊ အသုတ်တွေထဲကိုလည်း လှော်ထားတဲ့ အစေ့လေးတွေ အနည်းငယ်ထည့်သင့်ပါတယ်။
  • လှော်ထားတဲ့ အစေ့တွေကိုမှ သံလွင်ဆီ၊ ဆား တို့နဲ့ ပြန်လှော်ရင် ကလေးတွေအတွက် အဆာပြေစာ အဖြစ် စားသုံးလို့ရပါတယ်။

လှော်ပုံလှော်နည်း

အရင် ကိုယ်လှော်နေကျပုံစံအတိုင်းလည်း လှော်နိုင်သလို အခုပြောပြထားတဲ့ပုံစံအတိုင်းနဲ့ လုပ်ဆောင်နိုင်ပါတယ်။

acad1980deaad3bd

ပါဝင်ပစ္စည်း

  • အစေ့ တစ်ခွက်နဲ့ တစ်ဝက် (1.5 Cups) (ဖရုံစေ့ စတဲ့ စားလို့ရတဲ့ အစေ့အများ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဇီရာစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

021 raw pepitas

ပြုလုပ်နည်း

ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းများကို ဇလုံးတစ်ခုထဲမှာ နှံ့စပ်အောင် မွှေလိုက်ပါ။ ပြီးရင် ၁၀ မိနစ် ဒယ်အိုးထဲထည့်ပြီး မီးပြင်းပြင်းနဲ့ လှော်လိုက်ပါ။ အစေ့တွေ ရွှေညိုရောင်ဖြစ်တဲ့အထိ လှော်ပါ။ ပေါက်ပေါက်ဖောက်သံလေးတွေ ကြားလာရင် ကျက်ပါပြီ။ စားလို့ရပါပြီ။

[Zawgyi]

စားလို႔ရတဲ့ အေစ့ေတြျဖစ္တဲ့ (ဥပမာ ဖရုံေစ့တို႔ကို) ေလွာ္ၿပီး စားသင့္ပါတယ္။ ေလွာ္ထားတဲ့ အေစ့ေတြမွာ

  • အမွ်င္ဓာတ္ေတြပိုၿပီး ပါ၀င္ပါတယ္။ ခြက္တစ္ခြက္ရဲ႕ ၄ ပံု၁ပံုေလာက္ဘဲရွိတဲ့ အေစ့ေတြမွာဆိုရင္ အမွ်င္ဓာတ္ ၄ ဂရမ္ေလာက္ပါ၀င္ပါတယ္။
  • ေလွာ္ထားတဲ့ အေစ့ေတြမွာ ပရိုတင္းဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး ခြက္တစ္ခြက္ရဲ႕ ၄ ပံု ၁ပံုေလာက္ရွိတဲ့ အေစ့ေတြမွာေတာင္ ပရိုတင္းဓာတ္ ၃ ဂရမ္ေလာက္ပါ၀င္ပါတယ္။

pumpkin-seeds-with-pumpkin-and-leaves

  • အေစ့ေတြက ဗီတာမင္ဓာတ္နဲ႔ သတၱဳဓာတ္ေတြ၊ သံဓာတ္၊ ေဖာ္လစ္၊ ပိုတက္ဆီယမ္၊ ကယ္ဆီယမ္နဲ႔ ဇန္႔ဓာတ္တို႔ ၾကြယ္၀ပါတယ္။

ေလွာ္ထားတဲ့ အေစ့ တစ္ေအာင္စမွာ သံဓာတ္ 4 mg ေလာက္ပါ၀င္ပါတယ္။

  • အခြံမာအသီးေတြနဲ႔ အလက္ဂ်စ္ရွိသူေတြကလည္း အေစ့ေတြကို ေလွာ္စားသင့္ပါတယ္။

IMG_4921-750x563

  • ေကြကာအုပ္၊ ဟင္းခ်ိဳ၊ အသုတ္ေတြထဲကိုလည္း ေလွာ္ထားတဲ့ အေစ့ေလးေတြ အနည္းငယ္ထည့္သင့္ပါတယ္။
  • ေလွာ္ထားတဲ့ အေစ့ေတြကိုမွ သံလြင္ဆီ၊ ဆား တို႔နဲ႔ ျပန္ေလွာ္ရင္ ကေလးေတြအတြက္ အဆာေျပစာ အျဖစ္ စားသံုးလုိ႔ရပါတယ္။

ေလွာ္ပံုေလွာ္နည္း

အရင္ ကိုယ္ေလွာ္ေနက်ပံုစံအတိုင္းလည္း ေလွာ္ႏိုင္သလို အခုေျပာျပထားတဲ့ပံုစံအတိုင္းနဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။

acad1980deaad3bd

ပါ၀င္ပစၥည္း

  • အေစ့ တစ္ခြက္နဲ႔ တစ္၀က္ (1.5 Cups) (ဖရုံေစ့ စတဲ့ စားလို႔ရတဲ့ အေစ့အမ်ား)
  • ဆား လက္ဖက္ရည္ဇြန္း တစ္၀က္
  • ရွာလကာရည္ လက္ဖက္ရည္ဇြန္း တစ္၀က္
  • ဇီရာေစ့ လက္ဖက္ရည္ဇြန္း တစ္၀က္
  • သံလြင္ဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

021 raw pepitas

ျပဳလုပ္နည္း

ေဖာ္ျပထားတဲ့ ပါ၀င္ပစၥည္းမ်ားကို ဇလံုးတစ္ခုထဲမွာ ႏွံ႔စပ္ေအာင္ ေမႊလိုက္ပါ။ ၿပီးရင္ ၁၀ မိနစ္ ဒယ္အိုးထဲထည့္ၿပီး မီးျပင္းျပင္းနဲ႔ ေလွာ္လိုက္ပါ။ အေစ့ေတြ ေရႊညိဳေရာင္ျဖစ္တဲ့အထိ ေလွာ္ပါ။ ေပါက္ေပါက္ေဖာက္သံေလးေတြ ၾကားလာရင္ က်က္ပါၿပီ။ စားလို႔ရပါၿပီ။