အထွေထွေ ဗဟုသုတ - General Knowledge

စည်ဘီယာက ပုလင်းဘီယာထက် ဘာကြောင့်ပိုကောင်းရတာလဲ

August 30, 2016

စည်ဘီယာက ပုလင်းဘီယာထက် ဘာကြောင့်ပိုကောင်းရတာလဲ

Share this on:

ဘီယာမှာတော့ နှစ်မျိုးနှစ်စား ရှိတယ်လို့ အကြမ်းဖျဉ်းသက်မှတ်လို့ ရပါတယ်။ ပုလင်းဘီယာနဲ့ စည်ဘီယာပါဘဲ။ ဘူးနဲ့
ထည့်တဲ့ ဘီယာတွေကိုလည်း ပုလင်းဘီယာအမျိုးအစားထဲကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့
ထုပ်ပိုးတဲ့ပုံစံက တူလို့ပါ။ အခုနောက်ပိုင်းမှာ နိုင်ငံတကာနာမည်ကြီးဘီယာတွေကလည်း မြန်မာနိုင်ငံထဲကို ဝင်ရောက်
လာခဲ့ပါတယ်။ Carlsberg ကလည်း Yomaဆိုတဲ့ ဘီယာကို မြန်မာနိုင်ငံနဲ့ကိုက်ညီအောင် ဖန်တီးထားတာတွေ့ရပါ
တယ်။ သူတို့မှာလည်း ထုံစံအတိုင်း ပုလင်းဘီယာနဲ့စည်ဘီယာဆိုပြီး ၂မျိုးရှိပါတယ်။ ဒီဘီယာနှစ်မျိုးမှာ ဘယ်ဟာက
ပိုကောင်းသလဲဆိုရင် စည်ဘီယာက ပိုကောင်းတယ်ဆိုတာဘီယာကြိုက်သူတွေ သိပါလိမ့်မယ်။ ဒါပေမယ့် စည်ဘီယာ
က အရသာတင် … ပုလင်းဘီယာထက် ကောင်းတာမဟုတ်ပါဘူး။ အခြားအချက်တွေလည်း သာလွန်မှုတွေ ရှိပါသေး
တယ်။ ဗဟုသုတအလို့ငှာ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) စည်ဘီယာမှာ ဓာတုဓာတ်တွေ ကင်းစင်တယ်

2

စည်ဘီယာဟာ သဘာဝစည်ထဲမှာ သဘာဝအတိုင်း သိုလှောင်ရတာ ဖြစ်ပါတယ်။ ပုလင်းဘီယာကျတော့ ထုပ်ပိုးစဉ်က
တည်းက ဘီယာကို ရောင်းချခြင်းမပြုနိုင်ခင်နဲ့ ထုတ်လုပ်စဉ်စပ်ကြားကာလမှ တွယ်ငြိလာမယ့် ဘက်တီးရီးယားတွေကို သတ်နိုင်ဖို့ အပူပေးရပါတယ်။ နောက် ကြာရှည်ခံဖို့အတွက် Gas တွေ အရည်သွေးထိမ်းသိမ်းပေးမယ့်ဓာတ်တွေ ထည့်ရပါတယ်။ ဒီတော့ သာမန်အားဖြင့် စည်ဘီယာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုရမှာပါ။

(၂) စည်ဘီယာမှာ ရောဂါဘယဖြစ်စေတဲ့ ဓာတ်တွေမပါဘူး

ဘီယာရဲ့ အကြီးဆုံးရန်သူဟာ လေပါဘဲ။ တိတိကျကျ ပြောရရင်တော့ အောက်ဆီဂျင်ပေါ့။ ဒါတွေကို ကာကွယ်ဖို့အတွက်
စည်ဘီယာမှာ ခိုင်ခံတဲ့ သစ်သားစည်တွေက ဓာတ်တွေအများကြီးနဲ့ ထုတ်လုပ်ထားတဲ့ ပုလင်းတွေ ဘူးတွေထက်စာရင် ပိုပြီး စိတ်ချရပါတယ်။ နောက်ပြီး ပုလင်းဘီယာမှာပါတဲ့  hops, carbohydrates နဲ့ alcohol ဓာတ်တွေဟာ အောက်ဆီဂျင်နဲ့ အခြားဓာတ်တွေ တွေရောနှောတဲ့အခါ စိုးဝါးတဲ့သက်ရောက်မှုတွေကို ပေးနိုင်ပါတယ်။

(၃) စည်ဘီယာက အရည်အသွေးပိုမှီတယ်

3

အရည်အသွေးပိုင်းမှာလည်း စည်ဘီယာက ပုလင်းဘီယာထက် ပိုပြီးကောင်းပါတယ်။ အကြောင်းကတော့ ဘီယာဆိုတာက အလင်းရောင်နဲ့တွေ့ရင်ကို ရှိရင်းစွဲဓာတ်တွေ၊ အရသာတွေ၊ အနံ့တွေ ပြယ်သွားတတ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံ
တွေမှာ ပုလင်းဘီယာကို သိုလှောင်တဲ့အခါ အမှောင်ခန်းထဲမှာ ဦးစားပေးပြီး လှောင်လေ့ရှိပါတယ်။ စည်ဘီယာမှာ
ကတော့ ဓာတ်တွေ၊ အရသာတွေ၊ အနံ့တွေကို ထိန်းသိမ်းပေးနိုင်မယ့် လုံလောက်တဲ့အမှောင်ကို ရရှိပြီးသားပါ။

(၄) အရသာ

အရသာမှာလည်း တကယ့် ဘီယာဆရာကြီးတွေပိုသိပါလိမ့်မယ်။ ပိုက်ဆံနည်းနေလို့သာ ပုလင်းဘီယာကို ကိုင်ချင်ကိုင်
မယ်၊ တစ်ခြားအချိန်တွေဆိုရင်တော့ စည်ဘီယာကို ဇိမ်ခံပြီး စုပ်နေချင်ကြတာ။ ခါးသက်မှုအရသာကို စိမ့်စိမ့်လေး
ဇိမ်ယူပြီး သောက်တဲ့အခါ စည်ဘီယာကနေပေးတဲ့ စည်းစိမ်နဲ့ ပုလင်းဘီယာက ပေးတဲ့စည်းစိမ် အကွာကြီးကွာပါ
တယ်။

Credit: Shwemom http://shwemom.com