ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အဆီမကျသေးခြင်း အကြောင်းအရင်း

August 5, 2016

အဆီမကျသေးခြင်း အကြောင်းအရင်း

Share this on:

အစားတွေလည်း လျှော့စားပါတယ်၊ အားကစားလည်းလုပ်တယ်၊ အဆီကျဆေးလည်း ပါးစပ်နဲ့လက်နဲ့ မပြတ်ဘူး … ဒါပေ
မယ့် ဘာလို့ အဆီမကျသေးတာလဲ … ? အဆီမကျ/၀ိတ်မကျသေးခြင်းရဲ့ အကြောင်းရင်း (၇)ခုကို ဖော်ပြပေးလိုက်ပါ
တယ်။

(၁) ရေလုံလောက်အောင် မသောက်ခြင်း

ရေလုံလောက်အောင် မသောက်ခြင်းကလည်း ၀ိတ်မကျစေပါဘူး။ ရေဟာ ကယ်လိုရိုနဲ့ သွေးတွင်းကိုလက်စထရောဓာတ်
တွေ လောင်ကျွမ်းစေတဲ့ လောင်စာဆီဖြစ်ပါတယ်။ ဒါ့အပြင် ဆီး၊ ၀မ်းကို မှန်စေလို့ အဆီအမြန်ကျစေပါတယ်။

(၂) ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစာကို မစားခြင်း

2

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာဆိုတာ အများအားဖြင့်တော့ အသီးအရွက်တွေနဲ့ ပြင်ဆင်ထားတဲ့ အစားအစာကို
ဆိုလိုတာပါ။ ဒါတွေကို ရှောင်ပြီး အခြားအသင့်ပြုလုပ်ထားတဲ့ အစားအစာတွေကို အလွယ်စားတာကြောင့်လဲ ၀ိတ်မကျ
သေးတာ ဖြစ်ပါတယ်။

(၃) အစားရှောင်ခြင်း

နောက်တစ်ခု အဆီချလိုသူတွေ မှားယွင်းနေတဲ့ အချက်က အစားရှောင်တာ ဖြစ်ပါတယ်။ အစားရှောင်တာက အဆီမကျ၊
ဝိတ်မကျစေရုံမက … အားနည်းခြင်း၊ သွေးသွားမမှန်ကန်ခြင်း၊ အခြားရောဂါဆိုးကျိုးများကိုလည်း ဖိတ်ခေါ်ရာရောက်
ပါတယ်။

(၄) ပုံမှန်အားကစားမလုပ်ခြင်း

3

အဆီချ အစားရှောင်နေရုံနဲ့ ၀ိတ်မကျပါဘူး။ သင့်တင့်လျှောက်ပတ်တဲ့ အားကစားလေးတော့ ပုံမှန် လုပ်ပေးရပါမယ်။ အား
ကစားပုံမှန်လုပ်ရင် အဆီကျ ၀ိတ်ကျ မြန်စေပါတယ်။

(၅) ပရိုတိန်းဓာတ် မပြည့်ဝခြင်း

အစားအစာတွေ စားသောက်တဲ့အခါ ပရိုတိန်းဓာတ် နည်းပါးတဲ့အစားအစာတွေကို စားနေမိတာမျိုးပါ။ ဥပမာအားဖြင့် အ
သင့်စား အစားအစာတွေမှာ ပရိုတိန်းဓာတ်မရနိုင်ပါဘူး။ အသား၊ ငါး၊ ဥနဲ့ ပဲအမျိုးမျိုးမှာ ပရိုတိန်းဓာတ်များစွာ ပါဝင်ပါ
တယ်။ ပရိုတိန်းဟာ လူရဲ့အားအင်ကို ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို အထောက်အပံ့ပေးပါ
တယ်။

(၆) အိပ်ရေးမ၀ခြင်း

4

အိပ်ရေးပျက်ခြင်းဟာ လူကို ပိုပြီး ၀စေပါတယ်။ အိပ်ရေးမ၀ခြင်း၊ စိတ်ဖိအားများခြင်း တို့ကို ရှောင်နိုင်မှ ကျန်းမာရေးနဲ့ညီ
မျှစေပါတယ်။

Credit: Shwemom http://shwemom.com

 

Review

User Rating

3.3 (11 Votes)