ကော်ဖီ ကြိုက်ကြလားရှင့်။ တစ်ချို့ကော်ဖီကို စွဲစွဲလန်းလန်း နှစ်ခြိုက်သူတွေ ရှိပါတယ်။

တစ်နေ့ကို ကော်ဖီ တစ်ခွက်သောက်ပေးသင့်ပါတယ်။ ကော်ဖီသောက်တာ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေတယ်

maxresdefault

ကော်ဖီသောက်တာဟာ မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။ အယ်လ်ဇိုင်းမားလ် ရောဂါဖြစ်ပွားမှုကို ဟန့်တားနိုင်ပါတယ်။

စွမ်းအင်

01-natural-energy-boosters-coffee

ကော်ဖီဟာ တစ်နေ့တာလုံးအတွက်လုံလောက်တဲ့ စွမ်းအင်ပမာဏကို မြင့်တင်ပေးပါတယ်။ အိပ်ချင်နေရင်တောင် ကော်ဖီတစ်ခွက်သောက်လိုက်တာနဲ့ အိပ်ချင်ပြေပြီး တက်တက်ကြွကြွ ရှိစေပါတယ်။

စိတ်ဖိစီးမှု ပြေပျောက်စေခြင်း

ကော်ဖီကိုသောက်တာဖြစ်ဖြစ် မသောက်တာပဲဖြစ်ဖြစ် ကော်ဖီရဲ့ ရနံ့သင်းသင်းလေးက စိတ်အန်းပြေစေပါတယ်။

ပျော်ရွှင်စေခြင်း

ကော်ဖီကိုသောက်တဲ့သူတွေဟာ ပျော်ရွှင်ကြပါတယ်။ ကော်ဖီမှာ စိတ်ခံစားမှု မကောင်းတာကို ဆန့်ကျင်တိုက်ခိုက်ပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး စိတ်ကျရောဂါကို ကုသပေးနိုင်ပါတယ်။

ဟားဗက်တက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စု အမျိုးသား ကျန်းမာရေး အင်စတီကျုစ့်တို့ရဲ့ လေ့လာမှုအရ တစ်နေ့ကို ကော်ဖီ ၄  ခွက် (သို့) ၄ ခွက်ထက်ပိုသောက်တဲ့အမျိုးသမီးတွေဟာ စိတ်ကျရောဂါဖြစ်ပွားမှုကို ၁၀ % ကနေ ၂၀ % ထိကျဆင်းစေတယ်လို့ဆိုပါတယ်။

Antioxidant ပါဝင်ခြင်း

Antioxidant က ဆဲလ်တွေ ပျက်ဆီးတာကို တားဆီးပေးပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်ပိုးတွေ ဝင်ောက်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ အသီးအရွက်တွေမှာထက် ကော်ဖီမှာ Antioxidant ပါဝင်မှုပိုများပါတယ်။

အသည်းကျန်းမာရေး

coffee-cancer-liver_0

ကော်ဖီက အသည်းပျက်ဆီးမှုကို ကာကွယ်ပေးပါတယ်။ အသည်းရောဂါနဲ့ အသည်းကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိမှုအရ အသက် ၂၂ နှစ်နဲ့အထက် တစ်နေ့ကို ကော်ဖီ အနည်းဆုံး ၁  ခွက်သောက်သုံးသူတွေဟာ ကင်ဆာရောဂါဖြစ်ပွားမှု ၂၀ % ထိရော့နည်းနေကြောင်း တွေ့ရှိခဲ့ပါတယ်။

နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း

happy-couple-drinking-coffee

ကော်ဖီမှာ ပါဝင်တဲ့ Antioxidant ဟာ သွေးခဲမှုကို ကာကွယ်ပေးနိုင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ ကော်ဖီကို တစ်နေ့ တစ်ခွက်သောက်သူတွေဟာ မသောက်တဲ့သူတွေနဲ့ယှဉ်ရင် နှလုံးရောဂါဖြစ်ပွားမှု ၂၅ % ထိရော့နည်းပါတယ်။