ဂျင်းမုန်လာဥနီဖျော်ရည်က ကယ်လိုရီပါဝင်မှုနည်းတဲ့အပြင် အာဟာရဓာတ်တွေလည်း အများကြီးရှိပါတယ်။

အမျှင်ဓာတ်ပါဝင်မှုများပြီး Antioxidant တွေနဲ့ ရောင်ရမ်းတာတွေကိုလျော့ကျစေတဲ့ ကွန်ပေါင်းဓာတ်တွေလည်းပါဝင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေပြီး ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။

အစာခြေစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။

ပါဝင်ပစ္စည်းများ

အလယ်အလတ် ဆိုဒ် မုန်လာဥနီ ၅ ခု

လိမ္မော်သီး ၃ လုံးရဲ့ အရည်တွေ

ပါးပါးလှီးထားတဲ့ ဂျင်းလက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်း လက်ဖက်ရည်ဇွန်း ၁ဇွန်းရဲ့တစ်ဝက်

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

မုန်လာဥနီကို အခွံခွာပြီး အရည်သက်သက်အဖက်သက်သက် ထွက်တဲ့စက်နဲ့အရည်ကို ယူလိုက်ပါ။

-အဲ့ဒီအရည်ကို၊ လိမ္မော်ရည်၊ ဂျင်းနဲ့ နနွင်းတို့နဲ့ အတူ ဖျော်စက်ထဲထည့်ပါ။

ပြီးမှ သေချာ မွှေပြီး အချိုကြိုက်ရင် ပျားရည်ထည့်ပါ။

ဘယ်လိုသောက်သုံးရမလဲ

ဖျော်ရည်ကို မနက်ပိုင်းမှာ သောက်သုံးသင့်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက်သောက်သင့်ပါတယ်။

နှလုံးကျန်းမာရေးကို အထောက်အကူပြု

ဖျော်ရည်မှာ သဘာဝအမျှင်ဓာတ်တွေ၊ Antioxidants နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ကိုလက်စထရောဓာတ်ကို ကျဆင်းစေပြီး သွေးကြောထဲမှာ အနယ်တွေမဖြစ်အောင်ကူညီပေးပါတယ်။ အဲ့ဒီအပြင် သွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်။

အစာခြေစနစ်ကို မြှင့်တင်ပေး

ဒီဖျော်ရည်ကိုသောက်ရင် ဝမ်းပိတ်တာ၊ အစာမကြေတာတို့ အစာအိမ်အချဉ်တက်တာ ( Heartburn) တို့ကို ကာကွယ်ပေးနိုင်ပါတယ်။

အစာအိမ်ဟောင်းထဲက စွန့်ပစ်ပစ္စည်းတွေကိုကုန်အောင် စွန့်ပစ်နိုင်ဖို့ ကူညီပေးပါတယ်။

အသားအရေ ကျန်းမာရေးအတွက်ကောင်းမွန်

ဗီတာမင် A, C စသည့် ဓာတ်တွေပါဝင်တာကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။

သွေးလည်ပတ်မှုကို ကောင်းစေပြီး အသားအရေအတွင်း အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေရောက်ရှိအောင် ကူညီပပေးနိုင်ပါတယ်။

ဝက်ခြံနဲ့ အသားအရေမညီတာတွေကို ကာကွယ်ပေးနိုင်ပြီး နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

ဖျားနာခြင်းကနေ ကာကွယ်ပေး

ဗီတာမင် A,C နဲ့ E တို့ပါဝင်တာကြောင့် ဖျားနာခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ချရာမှာ ကူညီပေး

ဂျင်း မုန်လာဥနီဖျော်ရည်က မလိုအပ်တဲ့ အဆီတွေကိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို လျော့အောင်ကူညီပေးနိုင်ပါတယ်။