အာလူးလို့ဆိုတာနဲ့ ကယ်လိုရီတွေ များမယ် ခန္ဓာကိုယ်အလေးချိန်တက်စေမယ်လို့လည်း တွေးထင်မိကြပါတယ်။ အမှန်တော့ အာလူးကို ပြုတ်မစားကြဘဲ ကြော်စားကြတာများလို့ အခုလို ထင်နေကြတာပါ။

အာလူးမှာ လူ့ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အာဟာရတွေ များစွာပါဝင်တာကြောင့် အိန္ဒိယ ဟင်းလျာတွေမှာဆိုရင် အာလူးကို အဓိကထား ချက်ပြုတ်ကြတာများပါတယ်။

အာလူးပြုတ်ကို များများစားရင် အဆီတွေကို ပိုမိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို လှပစေမှာပါ။ အာလူးပြုတ်တွေမှာ သတ္တုဓာတ်တွေ၊ ဗီတာမင် စီ၊ Vitamin B-Complex ၊ ပိုတက်ဆီယမ် နှင့် Phosphorous တို့ပါဝင်ပါတယ်။ အာလူမှာ ကယ်လိုရီနဲ့ အဆီဓာတ်တွေ ပါဝင်မှုနည်းပြီး အမျှင်ဓာတ်တွေလည်း အများကြီးပါတာကြောင့် ဗိုက်ခဏခဏဆာခြင်းကနေလည်း ကင်းဝေးစေပါတယ်။ ဒါကြောင့် အာလူးပြုတ်ကို ဘယ်လို စားသုံးရမလဲဆိုတာကို ဝေမျှချင်ပါတယ်။

Source: Healthline

ပါဝင်ပစ္စည်းများ

  • အာလူးကြီးကြီး တစ်လုံး
  • ကြက်သွန်နီ အသေးတစ်လုံး
  • အနီရောင် ငရုတ်သီး ခြောက် ၃ တောင့်
  • ဆားအနည်းငယ်
  • ပြန်လည်သန့်စင်ထားတဲ့ ဆီ (Refined Oil) လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Source: Sonia Cabano

ပြင်ဆင်နည်း

  • အာလူးကို အခွံနွာလိုက်ပြီး Pressure Cooker ထဲမှာ ပြုတ်လိုက်ပါ။ပြုတ်တဲ့အချိန်မှာ ရေ ၂ ခွက်ထည့်ပါ။ Pressure Cooker ကနေ တစ်ရှူးးရှူးးနဲ့ အသံ၂ခါလောက်မြည်လာရင် မီးပိတ်လိုက်ပြီး အငွေ့တွေ အားလုံးကုန်သွားတဲ့အထိ အာလူးကို Pressure Cooker ထဲမှာထားပါ။
  • ကြက်သွန်နီကို ပါးပါးလေး လှီးပြီး အနီရောင် ငရုတ်သီးခြောက်တို့ကို ဆီထဲမှာ ထည့်ပြီး အညှိရောင်ပြောင်းသွားတဲ့အချိန်အထိ ဆီသပ်လိုက်ပါ။
  • Pressure Cooker ထဲက အာလူးကို ထုတ်ပြီး ချေလိုက်ကာ ဆားရယ်၊ ခုနက ဆီသပ်တာရယ်ကို ရောမွှေလိုက်ပြီး စားလို့ရပါပြီ။