အသက်အရွယ်ငယ်ငယ်ကြီးကြီး အိပ်ရေး၀၀ အိပ်စက်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ အိပ်ရေးပျက်ရင် ကျန်းမာရေးဆိုးကျိုးတွေ များစွာဖြစ်ပေါ်စေလို့ပါ။ အိပ်ရေးပျက်တာဟာ သွေးတိုးတာ၊ နှလုံးကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေး နဲ့ ကိုယ်ခံအားစနစ် စတာတွေကို ထိခိုက်စေပါတယ်။

တစ်နေ့ကို အိပ်ချိန် ၆ နာရီထက်နည်းတဲ့သူတွေဟာ လေဖြတ်တာ ၊ နှလုံးရောဂါ စတာတွေကို ၇ နာရီထက် အိပ်စက်သူတွေထက် ဖြစ်နိုင်ချေ ၂၃% ပိုများတယ်လို့ဆိုပါတယ်။

sleeping-beaut

ဒါ့ကြောင့် အိပ်ရေး၀၀အိပ်ဖို့လိုပါတယ်။

အိပ်ရေးပျက်ခြင်းကြောင့်

stressed-middle-aged-woman

စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှု နဲ့ အိပ်ယာစောစောနိုးတတ်တာတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှုနည်းတာ၊ မောပန်းတာ၊ မှတ်ဉာဏ်ဆုံးရှုံးမှု စတာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့်လည်း အိပ်ရေးပျက်နိုင်သလို စိုးရိမ်ပူပန်မှုတွေကြောင်လည်း အိပ်ရေးပျက်နိုင်ပါတယ်။

ဒီတော့ အိပ်ရေး၀၀အိပ်ရဖို့ ဒီဖျော်ရည်လေးကိုပြုလုပ်လိုက်ကြရအောင်။

ပါဝင်ပစ္စည်း

b1f7dd44-dbd4-4f85-b004-926f4069d283

ငှက်ပျောသီး ၁ လုံး

Cinnamon

သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်

c1a48fbd-0a70-4ffa-83f8-cfddf75dcb6d

ရေခွက်အသေးနဲ့ ၁ ခွက်

ပြုလုပ်နည်း

bananaboil-og

အရင်ဆုံးငှက်ပျောသီးကို အခွံနွာပြီး အတုံးလေးတွေ လှီးလိုက်ပါ။ ပြီးရင် ရေကိုဆူအောင်သည်ပြီး ငှက်ပျောသီးထည့်ပါ။ ၁၀ မိနစ်လောက်သယ်ထားပြီး မီးဖိုပေါ်ကချကာ စကာနဲ့ ငှက်ပျောသီးကို ဆစ်ထုတ်ပေးပါ။ အရည်ကိုခွက်ထဲထည့်ပြီး သစ်ကြံပိုးခေါက်မှုန့်အနည်းငယ်ထည့်ပါ။

bananasmoothi_020515

ညအိပ်ယာမဝင်ခင် ၁ နာရီအလိုမှာသောက်ပေးရမှာဖြစ်ပါတယ်။

ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ပြီး အိပ်ရေးဝစေမှာဖြစ်ပါတယ်။ တရေးနိုးတာ မနက်စောစောနိုးတာမျိုး (မနက် ၂နာရီ ၃ နာရီလောက်) မဖြစ်တော့ပါဘူး။ အိပ်ရေးဝတာကြောင့်လည်း တစ်နေကုန်လန်းဆန်းစေမှာဖြစ်ပါတယ်။