သစ်တော်သီးဟာ ဈေးနှုန်းအသင့်အတင့်ရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အာဟာရဓါတ်တွေ အများအပြားပါဝင်ပါတယ်။ သစ်တော်သီးဟာ ကျန်းမာရေးအတွက် အကောင်းဆုံး အသီးအနှံတစ်မျိုးပါ။

10

မိသားစုဝင်တွေနဲ့အတူ မနက်ခင်းမှာ သစ်တော်သီး ဖျော်ရည်တစ်ခွက်သောက်တာဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေရုံသာမက ကျန်းမာရေး အကျိုးကျေးဇူး အများအပြားရှိနေပါတယ်။

အကျည်းချုပ်ပြောရရင်

သစ်တော်သီးဟာ ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး လေဖြတ်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်း

twopears_medium

သစ်တော်သီး ၂ လုံး

0421-glass_full_600

ရေ ခွက် တစ်ဝက်

honey

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

pl4

သံပုယိုရည် အနည်းငယ်

ပြင်ဆင်ခြင်း

ပထမဆုံး သစ်တော်သီး ၂ လုံးကို ရေဆေးပြီး အခွံ နွှာပါ။ ပြီးရင် ထက်ခြမ်းခြမ်းပြီး Blender (ဖျော်စက်) ထဲထည့်ပါ။ အဲဒီနောက် ရေရောလိုက်ပါ။ ပြီးရင် သံပုယိုရည် အနည်းငယ်ညစ်ထည့်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပေးပါ။ ပြီး၇င်တော့ ရေခဲရေထည့်ပြီး အရသာရှိတဲ့ သစ်တော်သီး ဖျော်ရည်ကို သောက်သုံးနိုင်ပါပြီ။