အားလုံးပဲမင်္ဂလာပါနော်။ ကြက်ဥ တို့ဖူးလို့လည်း ခေါ်ကြတဲ့ ဂျပန်တို့ဖူးက တုန်တုန်အိအိလေးနဲ့ အရသာရှိသလို ချက်စားရင်လည်း သိပ်ကိုစားလို့ကောင်းပါတယ်။ ခံတွင်းထဲ ချောချောချုချု ဝင်သွားတာမို့ ခံတွင်းရှင်းပြီး ထမင်းစား မြိန်စေပါတယ်။

ပါဝင်ပစ္စည်း

  • ဂျပန်တို့ဖူး (ကြက်ဥတို့ဖူး) ၃ ထုပ်ခန့်
  • ခရမ်းချဉ်သီး အမှည့် ၅ လုံး
  •  ကြက်သွန်နီ တစ်လုံး
  • ကြက်သွန်ဖြူ တစ်မွှာ

  • ပဲငံပြာရည်အပျစ် လက်ဖက်ရည်ဇွန်း ဇွန်း တစ်ဇွန်း
  • ဆားသကြား အရသာမူန့် ငရုတ်ကောင်းမုန့် အနည်းငယ် စီ
  • ကြက်သွန်မိတ် အနည်းငယ်
  • ငရုတ်သီးအနှစ်
  • ဆီငါးကျပ်သားခန့် တို့ လိုအပ်ပါတယ်။

ချက်နည်း

အရင်ဆုံး ခရမ်းချဉ်သီးတွေကို အစေ့ညှစ်ထုတ်ပီးအိုးထဲ ရေထည့်ပြီး အိပြဲနေအောင်ပြုတ်ပါ။ ပြီးလျှင်အအေးခံ အခွံနွှာပြီး ညှက်နေအောင် ကြိမ်လိုက်ပါ။ တကယ်လို့ မကြိတ်ချင်ရင် ဓါးနဲ့ ညှက်နေအောင် တောက်တောက်စဉ်းပါ။

ဂျပန်တို့ဖူးကို အတုံးလေးတွေ လှီးထားလိုက်ပါ။ ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ကြက်သွန်ဖြူ အမွှာကို ဓားပြားရိုက်ကာ ပြန်လှီးထားပါ။ ကော်မူန့်ကို ရေအနည်းငယ်နဲ့ ဖျော်ထားလိုက်ပြီး ကြက်သွန်မြိတ် ပါးပါးလှီးထားလိုက်ပါ။ အားလုံး အဆင်သင့်ဖြစ်ရင် စကြော်လို့ရပါပြီ။

ဆီကို ကြက်နီ၊ ဖြူဆီသတ် မွှေးရင် ခရမ်းချဉ်သီးအနှစ်တွေထည့် အနည်းငယ်မွှေပေး ရေနွှေးအနည်းငယ်ထည့်ပါ။ ပြီးရင်တော့ အရသာအတွက် ဆားသကြားအရသာမူန့်ထည့်လိုက်ပြီး ငရုတ်သီးအနှစ်ကိုထည့်လိုက်ပါ။

ပဲငံပြာရည်​ အပျစ်ထည့်လိုက်ပြီး ပွက်လာပြီဆိုရင်တော့ တို့ဖူးထည့်လိုက်ပါ။ ခဏလောက် သည်ထားလိုက်ပြီး ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်ဖြူးလိုက်ကာ ထည့်စားလို့ရပါပြီနော်။

By: MyFood Myanmar