မင်္ဂလာပါ။ အာပူလျှာပူကို အရည်အဖြစ်သာမက အသုပ်အနေနဲ့လည်း စားသုံးနိုင်ပါသည်။ အရသာအလွန်ရှိပြီး နေ့ခင်းနေ့လည် သရေစာအနေနဲ့ စားသုံးနိုင်စေဖို့အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ငါး၊ ငါးဖယ်
မုန့်တီဖတ်
ဆား၊ ဆနွင်း၊ ဂျင်း
ကြက်သွန်ဖြူ၊ ပုဇွန်ငပိ
ငရုတ်သီးစိမ်း၊ ငရုတ်ကောင်း၊ နံနံပင်

ပြုလုပ်နည်း (အာပူသုပ်အတွက် ငါးဆီသတ်)

ငါးဖယ်ကြော်ပါ။ ကြက်သွန်ဖြူ ဆီသတ်ထားပါ။ ကျန်ဆီ အနဲငယ်နဲ့ ငါးအသား တစ်ဝတ်ကို ဂျင်းကြက်သွန်ဖြူ ဆီသတ်ပါ။ ပုဇွန်ငပိ အနဲငယ် နှင့် ငါးသင်ထားတာ ထည့်ပါ။

ပုဇွန်ငံပြာရည် ထည့်ပါ။ ငရုတ်သီးစိမ်းလိုသလောက် ထောင်းထည့်ပါ။ ရေအနဲငယ် ထည့်ပြီးကြော်ပါ ၊ ဒါဆို အသုပ်အတွက် ငါးဟင်း ကျက်ပါပြီ။

အာပူသုပ် ပုဂံထဲတွင် မုန့်ဖတ်ထည့်ပြီး အပေါ်မှ ငါးဆီသတ်၊ ကြက်သွန်ဖြူ ဆီချက်၊ ပုဇွန်ငံပြာရည်၊ ငါးဖယ်ကြော်၊ ဗမာနံနံ၊ သံပုရာသီး ထည့်ပြီး သုးံဆောင်နိုင်ပါသည်။ ပဲသီး ကြိုက်ရင်ထည့်၍ သုံးဆောင်နိုင်ပါသည်။

Credit: Daw Suu Suu