Red Radish Kimchi

Share this on:

မုန်လာဥဖြူ နှင့် မုန်ညင်းထုပ် ကင်ချီ နဲ့ လုပ်ပုံလုပ်နည်း အတူတူပဲဖြစ်ပါတယ်။ Red Radish အစား မုန်လာဥအကြီးကို လှီးပြီးလုပ်လို့ရသော်လည်း အရွက်တွဲပါသည့် မုန်လာဥဖြူ အသေးလေးတွေကို သုံးနိုင်ပါက ပိုပြီးကောင်းပါတယ် ။

ပါဝင်ပစ္စည်းများ

  • Red Radish – 800 g (၅၂ ကျပ်သား)
  • ဆား – ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ – 2/3 Cup (160 ml)
  • ကောက်ညှင်းမှုန့် (Glutinous Rice Flour) – ထမင်းစားဇွန်း ၁ ဇွန်း
  • သကြား – ထမင်းစားဇွန်း ၁ ဇွန်း
  • ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
  • ထောင်းထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
  • လက်တစ်ဆစ် အရှည်ခန့် ခပ်စောင်းစောင်းလှီးထားသော ကြက်သွန်ပင် – 2/3 Cup (160 ml)ခန့်
  • ကိုးရီးယား ငရုတ်သီးမှုန့် (Hot (or) Red Pepper Flakes, Korean Chilli Powder) – 1/3 Cup (80 ml)
  • ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

  1. ရေဆေးပြီးနောက် ရေစစ်ကာ အမြစ်ဖြတ်ထားသော Red Radish ကို အရွက်များပါ ပါအောင်၂ ခြမ်းဖြတ်လှီး၍ ဆား ဖြင့် ခပ်ဖွဖွရောနှောပေးပြီး (မနယ်ချေရပါ) နာရီဝက်ခန့် နှပ်ထားပါ။
  2. ၁၅ မိနစ်ခန့်ကြာလျှင် အပေါ်အောက် ခပ်ဖွဖွလှန်ပေးပါ။
  3. ရေ နှင့် ကောက်ညှင်းမှုန့် ကို Medium Heat ဖြင့် ၅ မိနစ်ခန့် (သို့) ပျစ်လာသည်အထိ မွှေကျိုပေးပါ။ (အိုးမကပ်အောင် သတိထားပါ
  4. ကော်ကဲ့သို့ ပြစ်လာလျှင် Low Heat သို့လျှော့ကာ သကြားထည့်ပြီး ၁ မိနစ်ခန့် မွှေ၍ မီးဖိုမှဖယ်ကာ အအေးခံထားပါ။
  5. နာရီဝက်ခန့် ဆားဖြင့် နှပ်ထားသောကြောင့် အရည်အများကြီးထွက်လာသော Red Radish ကို ပြောင်စင်အောင် ရေများများဖြင့် သေသေချာချာ ၂ ခါ ဆေးပေးပြီး (မနယ်ချေရပါ) ဇကာဖြင့် ရေတတ်နိုင်သမျှုကုန်အာင် စစ်ထားပါ။
  6. ပြီးလျှင် ရေစစ်ထားသော Red Radish၊ အအေးခံထားသည့် ကျိုထားသော ကောက်ညှင်းမှုန့်၊ ထောငိးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လှီးထားသော ကြက်သွန်ပင်၊ ကိုးရီးယား ငရုတ်သီးမှုန့် နှင့် ငါးငံပြာရည် တို့ကို ဇလုံထဲထည့်ကာ နှံ့သွားအောင် ခပ်ဖွဖွ ရောနယ်ပေးပါ။
  7. နှံ့အောင်နယ်ပြီးသည်နှင့် တစ်ခါတည်း သုံးဆောင်နိုင်ပါသည်။
  8. ပိုသည်များကို သန့်ပြန်သော ပုလင်း (သို့) ပလတ်စတစ်ဗူးထဲ လေမခိုအောင် ဖိသိပ်ထည့်ကာ အဖုံး လုံအောင်ဖုံးပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းကာ လများစွာထားပြီး သုံးဆောင်နိုင်ပါတယ်။
  9. လုပ်ပြီးပြီးချင်း စားပါက အစိမ်းနံ့ နံသည်ဟု ထင်ပါလျှင် ဗူးထဲထည့်ပြီးနောက် အချဉ်ပေါက်အောင် အခန်းအပူရှိန်ဖြင့် ရက်အနည်းငယ် ထားပါ။
  10. ရာသီဥတု အပူအအေး အခြေအနေပေါ်မူတည်ပြီး အချဉ်ပေါက်သည့်ရက် မတူနိုင်သောကြောင့် တစ်ရက်ကြာလျှင် အပေါ်အောက်လှန်မွှေပေးပြီး မြည်းကြည့်ပါ။
  11. မိမိ ကြိုက်သော အရသာ၊ အနံကိုရလျှင် ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါပြီ။
  12. မရသေးဟုထင်ပါက အခန်းအပူရှိန်ဖြင့် ဆက်ထားပေးပါ။ နောက်တစ်ရက်ကြာလျှင် အပေါ်အောက်လှန်ကာ ထပ်မွှေပေးပါ။
  13. ပုံမှန်အားဖြင့် ပူသောရာသီဥတုတွင် အခန်းအပူရှိန်ဖြင့် ၂ ရက်ထားပြီးပါက လုံလုံလောက်လောက် အချည်ပေါက်ပြီဖြစ်၍ ရေခဲသေတ္တာထဲ ထည့်သိမ်းကာ လများစွာ ထားပြီး သုံးဆောင်နိုင်ပါပြီ။
Credit: Chaw Su's Food Friends

Review

User Rating

0 (0 Votes)