ကနေဒါနိုင်ငံ ကနေဒါတက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ ဝိုင်နီ တစ်ခွက်ကိုသောက်ပေးတာဟာ လေ့ကျင့်ခန်း ၁ နာရီစာလုပ်ပေးတာနဲ့ အကျိုးကျေးဇူးနဲ့ ညီမျှတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Red-Wine

လေ့ကျင့်ခန်းမလုပ်နိုင်တဲ့ ဝိုင်ချစ်သူတို့အတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။ သုတေသီတွေဟာ ဝိုင်နီမှာတွေ့ရတဲ့ ကွန်ပေါင်းတစ်မျိုးဖြစ်တဲ့ Resveratrol ဓါတ်ကိုတွေ့ရှိခဲ့ပြီး ကြွက်သားတွေကို သန်မာစေသလို ၊ နှလုံးရဲ့ လုပ်ဆောင်မှုကိုတိုးတက် ဆိုပါတယ်။

ဒါဟာ ဝိုင်နီနဲ့ ပတ်သတ်ပြီး သုတေသီတွေ ထုတ်ပြန်လိုက်တဲ့ သတင်းကောင်းတေါထဲက တစ်ခုပါ။ သုတေသီတွေဟာ ဝိုင်နီရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြရာမှာ

Sport-wone

သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တယ်

ကင်ဆာကို တိုက်ဖျက်နိုင်တယ်

ဦးနှောက်ချို့တဲ့မှုကို တားဆီးပေးနိုင်တယ် လို့ဆိုပါတယ်။

ဘယ်လောက်များများသောက်ရမလဲ

In this Jan. 25, 2014 photo, a man pours a glass of Erasmo wine at the Reserva de Caliboro vineyard in Maule Valley, Chile. A bold new wave of independent vintners are challenging Chile's reputation for producing oceans of agreeable but predictable wines. (AP Photo/Luis Hidalgo)

ဝိုင်နီ တစ်ခွက်က Gym ၁ နာရီစာကစားတာနဲ့ ညီမျှတယ်လို့ အကြံပြုထားတာဖြစ်ပြီး Gym လုံး၀ ကစားခြင်းမပြုဖို့လည်း အကြံပြုထားတာတော့မဟုတ်ပါဘူး။ အရက်သောက်သုံးမှုပမာဧများတာဟာ ရေရှည်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့်လည်း သုတေသီတွေက ဝိုင်နီ အနည်းငယ်ကသာ ခန္တာကိုယ်အတွက် ကောင်းမွန်တယ်လို့ ဆိုထားပါတယ်။

သုတေသနပြုချက်

women-drink-red-wine

သုတေသီတွေကို ကနေဒါကျန်းမာရေးရှာဖွေမှု အင်စတီကျု့စ်က ငွေကြေးထောက်ပံံ့ပေးခဲ့တာဖြစ်ပြီးတော့ Alberta ပြည်နယ် ဆီးချိုဝေဒနာရှင်များ အင်စတီကျူ့စ်က ဆီးချိုဝေဒနာရှင်တွေကို စမ်းသတ်ခဲ့ပါတယ်။ ဒီလိုစမ်းသတ်တဲ့အခါမှာ ဆီးချို ဝေဒနာရှင်တို့ရဲ့ နှလုံးလုပ်ဆောင်မှုဟာ ပိုမိုကောင်းမွန်လာတာကို တွေ့ရှိခဲ့ရပါတယ်။

ဝိုင်မသောက်ချင်သူတွေအတွက်

ဝိုင်မသောက်ချင်ဘူးဆိုရင်တော့ Blueberries သီးတွေ၊ စပျစ်သီးအနီရောင် နဲ့ အမဲရောင်ချော့ကလက်တို့ကို စားသုံးနိုင်ပါတယ်။