ဒီကနေ့ခေတ်မှာ ဆံကေသာနဲ့ပတ်သတ်လို့ အဓိကရင်ဆိုင်နေရတာကတော့ ဆံပင်ကျွတ်တာ၊ ဗောက်ထတာနဲ့ အရွယ်မတိုင်ခင် ဆံပင်တွေဖြူလာတာဖြစ်ပါတယ်။

Cures-A-Sore-Throat

ဒီအတွက် အလှကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်သုံးပေမဲ့ တချို့ဗောက်ပျေက်တဲ့ခေါင်းလျှော်ရည်ဆို ဆံပင်ကျွတ်တာ ဆံပင်ကျွတ်တာရပ်တဲ့ ခေါင်းလျှော်ရည်ကို ဗောက်ထတာ အဆီပြန်တာတွေဖြစ်လို့ ကိုယ်နဲ့အဆင်ပြေတဲ့ ကုန်ပစ္စည်းရှာရခက်ခက်ပါပဲ။

အိန္ဒိယဇီးဖြူသီးကဆံပင်ကျွတ်တာကိုရပ်တန့်စေတဲ့အပြင် ဆံကေသာကို သန်စွမ်းစေပါတယ်။ ဗောက်ပျောက်ရုံသာမက ဆံပင်ဖြူတာကိုလည်း ကာကွယ်ပေးလို့ အကောင်းမွန်ဆုံး ဆံပင်ပေါင်းတင်ဆေးပါပဲ။

ပါဝင်ပစ္စည်း

amla-powder-for-grey-hair

ဇီးဖြူသီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

mCSw_KCNcR2HIGVEG90apPA

ပဲနံ့သာရွက် မှုန့် (Fenugreek Powder) စားပွဲတင်ဇွန်း ၂ ဇွန်း

currypastehomemade_yogurt_recipe

ပျဉ်တော်သိမ်ရွက် (Curry Leaves) ကြိတ်ပြီးသား စားပွဲတင်ဇွန်း ၁ ဇွန်း

ဒိန်ချဉ် ခွက် တစ်ဝက်

ပြုလုပ်နည်း

ဒိန်ချဉ်ခွက်တစ်ဝက်ကို ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင်တခြားပါဝင်ပစ္စည်းတွေရောပြီး သချာမွှေလိုက်ပါ။

ဆံပင်ကိုရေဆေးချပြီး ခုဏကရောထားတဲ့ ပါဝင်ပစ္စည်းတွေကိုလိမ်းပေးပါ။

ပြီးရင် နာရီဝက်လောက်ထားပြီး ရေနွေးနဲ့ စင်စင်ဆေးချပေးပါ။