အားလုံးပဲမင်္ဂလာပါနော်။ အသီးလည်းစားလို့ရသလို အစေ့ပါပစ်စရာမလိုတဲ့ ပိန္နဲသီးကိုကြိုက်ကြလားရှင့်။ ပိန္နဲသီးကို ပြုတ်လည်းစားကြသလို ဟင်းရည်ချက်ပြီးတော့လည်း သောက်တတ်ကြပါတယ်။

ပိန္နဲစေ့မှာ ဗီတာမင် B နဲ့ တခြားအကျိုးကျေးဇူးတွေပါဝင်ပြီးတော့ စားပေးမယ်ဆိုရင် အကျိုးကျေးဇူးများစွာရှိပါတယ်နော်။

၁။ အရေးကြောင်းသက်သာစေခြင်း

ပိန္နဲစေ့က သင့်အသားအရေအတွက် များစွာအကျိုးကျေးဇူးရှိပါတယ်။ အသားအရေကို ပိုပြီးကောင်းမွန်စေပြီး အရေးကြောင်းတွေကို သက်သာစေပါတယ်။ ကြိတ်ပြီး မျက်နှာကိုလိမ်းပေးမယ်ဆိုလည်းရတယ်နော်။

၂။ စိတ်ဖိစီးမှူကိုသက်သာစေခြင်း

ပိန္နဲစေ့က စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ပရိုတင်းနဲ့ တခြားအာဟာရဓာတ်တွေက အရေပြားပြဿနာမမျိုးမျိုးကိုလည်း ဖြေရှင်းပေးပါတယ်။

၃။ အိပ်ပျော်စေတယ်

အိပ်မပျော်ရင် ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါမကောင်းပါဘူးနော်။ ပိန္နဲစေ့က သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ သံဓာတ်ပါဝင်ပြီးတော့ သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။

၄။ အမြင်အာရုံအတွက်ကောင်းမွန်

သင့်ရဲ့ အမြင်အာရုံတွေကို သဘာဝအတိုင်း ကာကွယ် ထိန်းသိမ်းပေးမယ့် အစားအစာများ

ဗီတာမင် A က အမြင်အာရုံအတွက် သိပ်ကိုကောင်းမွန်ပါတယ်နော်။ မျက်လုံးကိုကျန်းမာစေပြီးတော့ ဆံကေသာကိုလည်း သန်စွမ်းစေပါတယ်။

၅။ အစာမကြေခြင်းကို ကာကွယ်ပေးခြင်း

အစာမကြေတာကို သက်သာစေပါတယ်။ အမျှင်ဓာတ်ပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

၆။ ကြွက်သားတွေကို သန်မာစေပါတယ်

ပိန္နဲစေ့က ကြွက်သားတွေကို သန်မာစေပါတယ်။ ပရိုတင်းဓာတ်ပါဝင်ပြီး ကိုလက်စထရောမပါဝင်လို့ သိပ်ကိုကောင်းပါတယ်နော်။

Photo: Credit