ညဘက် အိပ်မပျော်တာကြောင့် လုပ်ငန်းခွင့်မှာ ခေါင်းမကြည်ဘဲ စိတ်ညစ်နေရပါသလား။

သဘာဝအတိုင်း အိပ်ပျော်စေမယ့် ဆေးနည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပူစီနံ

ပူစီနံက အစာခြေစနစ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိစေကာ အိပ်ရေးဝစေပါတယ်။

ရေနွေးကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ။

ပူစီနံ အရွက် ၅ ရွက်၊ ၆ ရွက်လောက်ကို ခပ်ထည့်ပြီး ခဏအုပ်ထားလိုက်ပါ။ ခပ်နွေးနွေး အနေအထားလောက်ရောက်ရင် သောက်ပြီး အိပ်လိုက်ပါ။

ခဏနေရင် အိပ်ပျော်သွားပါလိမ့်မယ်။

ဂျင်းနဲ့ နနွင်း

အိုးထဲကို ရေထည့်ပြီး မီးအပူပေးပါ။ ပွက်ပွက်ဆူလာရင် ဂျင်း၊ သစ်ကြမ်းပိုးခေါက်၊ နနွင်းတို့ထည့်ပြီး မွှေပါ။

၅ မိနစ်လောက် အအေးခံလိုက်ပါ။

သံပုရာတစ်လုံးကို ညှစ်ထည့်ပြီး ပျားရည်ထည့်ပါ။

အဖက်တွေ စစ်ထုတ်လိုက်ပြီး အရည်ချည်းဘဲ သောက်လိုက်ပါ။