ကြွက်နို့ပေါက်တာဟာ တကယ်ကိုစိတ်ရှုပ်စရာကောင်းပါတယ်။ ခန္တာကိုယ်အတွက် သိပ်ပြီးအန္တရာယ်မရှိပေမဲ့လည်း အလှအပကြိုက်သူတွေအတွက်တော့ တကယ်ကို ပြဿနာကြီးကြီးတစ်ခုပါပဲ။ ကြွက်နို့ဟာ လည်ပင်း၊ ရင်ဘတ် ၊ မျက်ခမ်း၊ လက်တွေ နဲ့ ခြေထောက်တွေမှာ ပေါက်တတ်ပြီး နာကျင်တာမျိုးတော့ မဖြစ်တတ်ပေမဲ့ ကူးစက်တတ်ပါတယ်။ အရေပြားချင်းထိတာကနေ ဗိုင်ရပ်ပိုးကူးစက်နိုင်ပါတယ်။

ကြွက်နို့ကို ဘယ်လိုဖယ်ရှားမလဲ။

Apple cider vinegar warts treatment helps to peel off the warts together with HPV virus that is housed in it

shutterstock_146471507

အခုမျှဝေပေးမဲ့နည်းလမ်းကတော့ ကြွက်နို့ကို သဘာဝနည်းလမ်းအတိုင်း ဖယ်ရှားပေးနိုင်မှာပါ။

နည်းလမ်း

၁။ ကြွက်နို့ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။

၂။ ပြီးရင် ရေထဲမှာ ၁၅ မိနစ်လောက် ကြွက်နို့ကို စိမ်ထားပါ။ (သို့) သွားပွတ်တံနဲ့ သေချာပွတ်ပေးပါ။

၃။ ပြီးရင် ရေခြောက်အောင်သုတ်ပေးပါ။

၄။ ပန်းသီးရှလကာရည်ကို ဝါဂွမ်းစနဲ့စိမ်ပြီး ကြွက်နို့ပေါ်လိမ်းပေးပါ။

၅။ ၁၅ မိနစ်လောက်ထားပါ။

၆။ ရေနဲ့ဆေးချပါ။

၇။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို ၃ ကြိမ်လောက် လုပ်ပါ။ ၂ ပတ်ဆက်တိုက် မပျက်မကွက်လုပ်ပေးပါ။

ကြွက်နို့ဟာ တစ်ခါတလေ ညိုသွားကာ တဖြည်းဖြည်းခြောက်လာပြီး ကွာကျသွားပါလိမ့်မယ်။ ကြွက်နို့အရွယ်အစားပေါ်မူတည်ပြီး အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။ အဲဒီအခါမှာ ရှားစောင်းလက်ပက်အနှစ်ကို အမာရွတ်ပျောက်အောင်လိမ်းပေးပါ။