မာလကာသီးကို စားသုံးတာဟာ ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရှိပါတယ်။

ooo-14

မာလကာသီးမှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။

နှလုံးကျန်းမာရေး

0-min-22

အမေရိကန်နိုင်ငံက အရွယ်ရောက်ပြီးသူတွေ သေဆုံးရတဲ့ရောဂါတွေထဲမှာ နှလုံးရောဂါတစ်ခုအပါအဝင်ဖြစ်ပါယ်။ ဒါ့ကြောင့် နှလုံးကို ကာကွယ်ဖို့လိုပါတယ်။ မာလကာသီးနဲ့ မာလကာရွက်မှာ နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အာဟာရဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ဒါ့အပြင် အရေးကြောင်းဖြစ်တာနဲ့ အသက်အရွယ်အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ဓါတ်တွေပါဝင်လို့ အရွယ်တင်နုပျိုစေပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်

140813736

မာလကာသီးဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို မာလကာသီး ၁ လုံး စားပေးသင့်ပါတယ်။

ကိုယ်ခံအားစနစ်

Eat-guava-to-boost-your-imm

မာလကာသီးကို စားပေးတာဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတာကြောင့် ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူဝင်ရောက်တာကနေ ကာကွယ်ပေးပါတယ်။

ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကိုလျှော့ချပေးခြင်း

Guava

မာလကာသီးဟာ ကင်ဆာဖြစ်ပွားမှု အန္တာရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ဝမ်းလျှောခြင်း

Eat-guava-to-boost-digestio

ဘက်တီးရီးယားပိုးမွှားတွေများလာတဲ့အခါ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ မာလကာသီးကိုစားပေးတာက ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ရေကိုလည်း အများအပြားသောက်သုံးပေးသင့်ပါတယ်။