ဆန်မှုန့်ကို နှမ်းဆီအနံ့လေးနဲ့အတူ ဝက်အသားပြားနဲ့ ရွှေအပ်မှိုအတွဲလေးက အလိုက်ဖက်ဆုံးပါ။ နေ့လည်နေ့ခင်းစာအဖြစ် သုံးဆောင်လို့ရသလို ညအစာပြေအစာအဖြစ်လဲ အဆင်ပြေစေပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်ဗိုက်သားပြား ၁၆၀ ဂရမ် (အနေတော် လှီးထားပါ)
ရွှေအပ်မှို ၈၅ ဂရမ်
နှမ်းဆီ ဇွန်း ၁ စားပွဲဇွန်း
ကြက်သွန်ဖြူ ၁ တက် (နူတ်နူတ်စင်းထားပါ)
ဘာဘီခယူဆော့ ဇွန်း ၄-၅ စားပွဲဇွန်း
ဆန်မှုန့် ၁ ခွက်
ငရုတ်ပွနီ၊စိမ်း ခွက် တစ်ဝက် (ပါးပါး ရှည်ရှည်လှီးထားပါ)
Eryngii မှို ၁၀၀ ဂရမ် (ပါးပါး လှီးထားပါ)
နှမ်းနက်စေ့ လက်ဖက်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းနက် အနည်းငယ်
ဆား အနည်းငယ်
ကြက်သွန်မြိတ် ၂ ပင် ပါးပါးလှီးထားပါ

ပြုလုပ်နည်း

မကပ်သော ဒယ်အိုးထဲ နှမ်းဆီထည့်ပြီး ပူအောင်တည်ပါ။ ဆီပူလျင် ကြက်သွန် ဖြူ နှင့် ဝက်သားပြားထည့်ပြီး အိုးပူပေးပါ။ သေချာနှံ့အောင် မွှေပေးပါ။ အသား အညိုရောင်းသန်းလာလျင် နှမ်းနက် ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ ထည့်ပြီး မွှေပေးပါ၊ ဆန်မှုန့် နူးအိတယ့် အထိတည်ပါ။ ကြက်သွန်မြိတ် များ ဖြူးပြီး ပူပူလေးသုံးဆောင်ပါ။