ဒီဟင်းလျာလေးကတော့ မိသားစုတွေ တစုတဝေးတည်း လက်ဆုံစားကြမယ့်အခါဖြစ်စေ၊ ဧည့်သည်တွေကို တည်ခင်းဧည့်ခံလိုတဲ့အခါမှာဖြစ်စေ၊ ပွဲရက်တွေမှာဖြစ်စေ ချက်ပြုတ်ဖို့အတွက် အလွန်လိုက်ဖက်ညီပါတယ်။ ကြက်သားကိုပင် အရသာရှိနေတာကို ကောက်ညှင်းထပ်ပေါင်းထည့်လိုက်သည့်အခါမှာတော့ ရနံ့သင်းသင်းလေးနဲ့ အင်မတန်ကို စားချင်စဖွယ် ဖြစ်သွားမှာပါ။

လိုအပ်သော ပစ္စည်း

  • ကောက်ညင်းဆန်
  • ရှီတာခီမှိုခြောက်
  • ပုဇွန်ခြောက်
  • ဟင်းခပ်မှုန့်
  • ပဲငံပြာရည်အနောက်ရည် – အနည်းငယ် (အရောင်အတွက်)
  • မြေပဲ
  • ရှောက်ကောမှုန့်
  • ဆား

ပြင်လုပ်ပုံ

  1. ကောက်ညင်းကို ရေစိမ်ပြီး မကျက်တကျက် ပြုတ်ပြီး ရေစစ်ထားပါ။ မှိုခြောက်ကို ရေစိမ်ပြီး ပါးပါး လှီးပါ။ မြေပဲကို ၁၅မိနစ်ခန့် ပြုတ်ပြီး ရေစစ်ထားပါ။
  2. အားလုံး အသင့် ဖြစ်လျင် ဇလုံတခုတွင် ကြက်သားမှုန့် ၊ အနောက်ရည်၊ ရှောက်ကောမှုန့်၊ ပုဇွန်ခြောက် တို့ကို ထည့်ပြီး နှံ့အောင်နယ်ပါ။ အပေါ့ အငံမြည်းပြီး နှပ်ထားသော ကြက်ထဲတွင် အစာ သွပ်ပါ ။ ကြက်ရဲ့ ဝမ်းဗိုက်ထဲကို ကောက်ညင်း အစာများထည့်ပါ။
  3. ကြက်၏ တောင်ပံ၊ ရင်အုပ်ထဲကို ကောက်ညင်း အစာများထည့်ပါ။ အစာကို ပြည့်အောင် ကြက်ထဲသို့ မထည့်ပါနှင့်၊ ကောက်ညှင်းကျက်လျင် ပွားလာမည်ဖြစ်၍ နေရာထားပေးပါ။
  4. ကြက်ကို ပေါင်းမည့် အိုးတွင် ထည့်ပြီး နှစ်နာရီ မှ သုံးနာရီခန့် ကြာမြင့်အောင် ပေါင်းပါ။ ကြက်ကောက်ညင်း ကျက်လျှင် ဆော့စ် အနှစ်ဖျော်ရန် ကြက်ပေါင်းရည်များကို စစ်ပြီး ပန်းကန်တခုဖြင့် ခံထားပါ ။
  5. ကြက်ကောက်ညင်းကို အေးမှ လိုသလို လှီးဖြတ်ကာ ပန်းကန်တွင် ထည့်ပြီး ဆော့စ်ဖြင့် စားသုံးပါ။