ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အဆီချရာမှာအထူးလိုအပ်တဲ့ အစားအစာများ

August 3, 2016

အဆီချရာမှာအထူးလိုအပ်တဲ့ အစားအစာများ

Share this on:

အဆီချဖို့ လိုအပ်တဲ့ ဓာတ်ကတော့ အမျှင်ဓာတ်ဖြစ်ပါတယ်။ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကို ဖယ်ရှားရာမှာ အလွန်အသုံးဝင်ပါတယ်။ အမျှင်ဓာတ်ကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ၊ ပဲကဲ့သို့သော အစေ့အဆန်အမျိုးမျိုးဆီကနေ ရယူနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ အခြေခံအားဖြင့်တော့ Calorie-Free ဖြစ်ပါတယ်။ အကြောင်းက
တော့ အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေကို စားလိုက်တဲ့အခါ ခန္ဓာကိုယ်ကြီးဟာ အဲဒီ အမျှင်ဓာတ်ဆီကနေ ကယ်လိုရီတွေ မယူနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ တစ်ခုထူးခြားတာက အမျှင်ဓာတ်ကို စိုက်ပျိုးသီးနှံတွေကပဲ ရနိုင်တာ ဖြစ်ပါတယ်။ တိရစ္ဆာန်ကနေ ဖြစ်တဲ့ အစားအစာတွေမှာ မရနိုင်ပါဘူး။ ဒါကြောင့် အဆီချလိုတဲ့ Shwemom ပရိသတ်ကြီးအတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆီကျလိုလျှင်

1

နာနက်သီး၊ သံပုရာမျိုးရင်းဝင်အသီးနဲ့ ခရမ်းချဉ်ကဲ့သို့သော အချဉ်အရသာပါဝင်တဲ့ အသီးတွေကို ပုံမှန် တစ်နေ့ နှစ်ခွက်မှ သုံးခွက်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ အဲဒီအသီးတွေထဲမှာ ဗီတာမင် C,K စတဲ့ အဖိုးတန်ဓာတ်တွေအပြင် အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်လို့ အဆီပိုတွေ ဖယ်ရှားခြင်းကို ထိရောက်စေပါတယ်။

(၂) အဆီကျစေနိုင်တဲ့ မနက်စာအတွက်

2

မနက်စာကိုတော့ မြင်းစားဂျုံ၊ ဖရုံသီးနဲ့ပြုလုပ်ထားတဲ့ ကွတ်ကီးတွေကို စားပေးသင့်ပါတယ်။ ကယ်လိုရီပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်အပြင် အခြားအာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစာကို ကြွေလွယ်စေပြီး ၀မ်းချုပ်ခြင်း၊ ၀မ်းပျက်ခြင်းကိုလည်း မဖြစ်စေတဲ့ အစားအစာ ဖြစ်ပါတယ်။

(၃) ၀ိုင်ဖြူ/၀ိုင်နီ

3

ဝိုင်ဟာ သဘာဝသစ်သီးတွေနဲ့ ထုတ်လုပ်ထားတဲ့ ယမကာဖြစ်ပါတယ်။ အရွယ်တင်နုပျိုမှုကို ဖြစ်စေပြီး ကယ်လိုရီတွေကို ပုံမှန်ထက် နှစ်ဆလောက် လောင်ကျွမ်းစေနိုင်ပါတယ်။ တစ်နေ့မှာ အစာစားပြီးတိုင်း ၀ိုင်တစ်ခွက်လောက် သောက်ပေးသင့်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို မဖြစ်စေဘဲ သွေးတွင်း၊ ကိုယ်တွင်း အဆီဓာတ်တွေကို ကျဆင်းစေပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3.9 (10 Votes)