ခဝဲသီး စပ်စပ်သောက်ဆမ်း

Share this on:

ချက်စားကြည့်ပါအုံး ။  ထမင်းမြိန်စေမဲ့ ခဝဲသီး သောက်ဆမ်းစပ်စပ်လေး ။

14123443_10154731475548132_240400447_o

ပါဝင်ပစ္စည်းများ

  • ခဝဲသီး - ၁ တောင့် (အခွံခြစ်ရ်ျ တစောင်း မထူမပါး လှီးထားပါ)
  • ကြက်သွန်နီ - ၁ ဥ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ - ၅ မွှာ (ထောင်းထားပါ)
  • ငရုပ်စိမ်း - ၁၀ တောင့် (ထောင်းထားပါ)
  • ခရမ်းချဉ်သီး - ၃ လုံး (မထူမပါး လှီးထားပါ)
  • ပုဇွန်ခြောက် သေးသေးလေး - လက်တဆုပ်
  • ငံပြာရည် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ရေနွေး - နှစ်ခွက်ခန့်
  • နနွင်းမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ဆီ - အနည်းငယ်

ပြုလုပ်နည်း

  1. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် တို့ကို ဆီသတ်ပါ ။
  2. ပြီးလျင် ခရမ်းချဉ်သီး ၊ ငရုပ်စိမ်းထောင်း ၊ ပုဇွန်ခြောက် သေးသေးလေးကို အကောင်လိုက် ထည့်ရ်ျ သေချာစွာ လုံးပါ ။
  3. ခရမ်းချဉ်သီး ညှိုးသွားလျင် ရေနွေး နှစ်ခွက်ခန့် နှင့် ငံပြာရည် ထည့်ပြီး မီးအေးအေးနှင့် တည်ထားပါ ။
  4. အိုးထဲမှ အရည်ဆူလာလျင် ခဝဲသီး နှင့် ဆား ကို ထည့်ပါ ။
  5. ခဝဲသီး အနည်းငယ် နူးသွားလျင် မီးဖိုကို ပိတ်လိုက်ပါ ။ အဖုံးမဖွင့်ပါနှင့် ။ သူ့အငွေ့ နှင့်သူ ကျက်သွားပါလိမ့်မည် ။
  6. အရသာ အပေါ့အငံ မြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
  7. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

3 (9 Votes)