အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သားကင်နဲ့ အသီးအရွက်ပူပူလေးကြော်စားရအောင်ပါ။

ပါဝင်ပစ္စည်း

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်းတောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်ဖြူ ၂ မွှာ (တောက်တောက်စဉ်း)
  • မှို အနည်းငယ် (ပါးပါးလှီးပါ)
  • ငရုတ်ပွသီး (ပါးပါးလှီးပါ)

  • မြစ်အနည်းငယ် (ရေသေချာဆေးပါ)
  • သစ်အယ်သီးအနည်းငယ် ပါးပါးလှီးပါ
  • ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝက်သားကင် ပါးပါးလှီး (၃ ခွက်ခန့်)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆားအနည်းငယ်
  • သကြားအနည်းငယ်
  • နှမ်းဆီအနည်းငယ်
  • ခရုဆီ အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

  • ရွှေ ပဲသီးအနည်းငယ်
  • ကြက်သားစွပ်ပြုတ်ခွက်တစ်ဝက်
  • ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရေစားပွဲတင်ဇွန်း ၁ ဇွန်းအရော

ပြုလုပ်နည်း

ဝက်သားကို အရင်ကင်းပေးရမှာပါ။ တကယ်လို့ ဝက်သားမကင်ချင်ရင်လည်း ခြောက်ခြောက်လေးကြော်ပေးလိုက်ပါ။

အရင်ဆုံး အသီးအရွက်တွေကို သေချာပြင်ဆင်ပြီးရေဆေးထားလိုက်ပါ။

အိုးကိုအပူပေလိုက်ပြီး ဆီထည့်ပါ။ ဂျင်းနဲ့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။

မှို၊ ငရုတ်ပွသီးတို့ထည့်လိုက်ပါ။ ၁၅ စက္ကန့်လောက်မွှေပေးပါ။ မြစ်နဲ့ သစ်အယ်သီးထည့်လိုက်ပါ။ ဝိုင်ထည့်ပါ။

အပူချိန်နည်းနည်းမြင့်လိုက်ပါ။

ဝက်သားထည့်ပါ။ စက္ကန့် ၂၀ – ၃၀ လောက်ကြော်ပေးပါ။

ရွှေပဲသီးထည့်ပါ။ သေချာမွှေပေးပါ။

ကြက်သားစွပ်ပြုတ်ထည့်ပါ။ ဆူလာပြီဆိုရင်တော့ ကော်ရည်ထည့်ပါ။ စက္ကန့် ၂၀ လောက်ထားလိုက်ပါ။ တခြား ကျန်တဲ့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ပဲငံပြာရည်၊ ခရုဆီ၊ ဆားတို့ကို ထည့်လိုက်ပါ။

သေချာမွှေပေးပြီးသုံးဆောင်လို့ရပါပြီနော်။

မှတ်ချက် – မိမိအဆင်ပြေတဲ့ အသီးအရွက်တွေ ထည့်ကြော်နိုင်ပါတယ်နော်။

Source: www.thewoksoflife.com

By: MyFood Myanmar