နှင်းသီးတဲ့ အနီရဲရဲနဲ့ ပုံစံဆန်းဆန်း အသီးဟာ နာမည်နဲ့ မလိုက်ဖက်အောင် နွေအခါမှာ ပေါများစွာ ရနိုင်ပါတယ်။ နွေအကုန် မိုးအကူး ကာလတွေမှာ လှိုင်လှိုင်ပေါပြီး အရည်ရွှမ်းပြီး မချိုမချဉ် အရသာ ရှိတာကြောင့် စားလို့ကောင်းတဲ့ အသီးတစ်မျိုးပါ။ အခုဆိုရင် ဈေးတွေထဲမှာ အနီရဲရဲနဲ့ လှပတဲ့ နှင်းသီးတွေကို တွေ့နေရပါပြီ။ မြန်မာပြည်မှာတော့ သရေစာအဖြစ် စားသုံးကြတာများပါတယ်။ စပ်ထားတဲ့ဆားချိုလေးနဲ့ တစ်ချို့ကတော့ တို့စားကြပါတယ်။

နှင်းသီးမှာ ဗီတာမင် စီ၊ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လှပတဲ့ နှင်းသီးမှာ အပြင်က အခွံရောင် နီလေ ပိုချိုမြလေပါပဲ။ လှပတဲ့နှင်းသီးဟာ ဈေးပေါပေမယ့် လူတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေမယ့် အားပေးတဲ့ အသီးပါ။

၁။ နှင်းသီးဟာ ရုတ်တရက် နှလုံးဖောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကင်ဆာရောဂါ ဖြစ်ပွားမှုကို တားဆီးပေးပြီး အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့ချပေးပါတယ်

၃။ ခုခံအားကို တိုးပွားစေပြီး အလွယ်တကူ ဖျားနာခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။

၄။ နှင်းသီးဟာ ချိုပေမယ့် ကိုလက်စထရောနဲ့ မကောင်းတဲ့ အချိုဓာတ်တွေ မပါဝင်တာကြောင့် ဆီးချိုသမားတွေ စားသင့်ပြီး ဆီးချိုလယ်ဗယ်ကို ထိန်းပေးပါတယ်။

၅။ အရေပြား ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး အရည်ရွှမ်းတဲ့အသီးဖြစ်တာကြောင့် အသားအရည် ကြည်လင်စေဖို့ ကူညီပါတယ်။

၆။ အမျိုးသားတွေ ဖြစ်တတ်တဲ့ ဆီးကျိတ်ကင်ဆာကို တားဆီးပေးနိုင်ပါတယ်။

၇။ နှင်းသီးကို ၃လုံးစီ တစ်ပတ်တိတိ စားပေးခြင်းဖြင့် သွေးထဲက ကိုလက်စထရောကို ၁၉ရာနှုန်းလောက် လျော့ချပေးပါတယ်။

၈။ အဆီဓာတ် ပါဝင်မှု နည်းပါးပြီး ရေဓာတ်ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန်ကို တိုးမလာစေပါဘူး။

၉။ နွေအပူဒဏ်ကို ခံနိုင်ရည် ရှိဖို့ ရာသီစာအဖြစ် စားသုံးနိုင်ပါတယ်။

၁၂ရာသီလုံး ပေါ်တဲ့ အသီး မဟုတ်တာကြောင့် ဒီလို ပေါများတဲ့ ကာလမှာ ရာသီစာ အဖြစ် စားသုံးကြည့်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမှာမို့ နှင်းသီးကို စားသုံးကြည့်ဖို့ အကြံပေးလိုက်ရပါတယ်။

Credit: organicfacts.net