အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ ရုရှားစတိုင်လ်အချိုပွဲလေးဖြစ်တဲ့ ဘလူးဘယ်ရီ ချိစ်ကိတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.kingarthurflour.com

  • ရွှေချီမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Sour Cream စားပွဲတင်ဇွန်း ၄ ဇွန်း
  • ချိစ် ၁၆ အောင်စ
  • ကြက်ဥ ၂ လုံး

  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
  • သစ်ခွရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အအေးခံထားသော (သို့) လတ်လတ်ဆတ်ဆတ် ဘလူးဘယ်ရီသီး ၁၆ အောင်စခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားတဲ့ ဘလူးဘယ်ရီသီးကို အသုံးပြုမယ်ဆိုရင်တော့ အချိန်အပူချိန်နဲ့ညီအောင်လို့ အပြင်ထုတ်ထားလိုက်ပါ။ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ရွှေချီမှုန့်နဲ့ ခရင်မ်များကို သမအောင်ရောနယ်လိုက်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားထားပါ။

Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ ကြိုတင်အပူပေးထားပါ။ စောစောက နယ်ထားတဲ့ရွှေချီမှုန့်နဲ့ခရင်မ်ထဲကို ချိစ်၊ ကြက်ဥ၊ သစ်ခွရည်၊ သကြားနဲ့ ဆားတို့ကို ထပ်ပေါင်းထည့်ပြီး သေချာမွှေပေးလိုက်ပါ။

ထို့နောက် ဘလူးဘယ်ရီသီးများထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

ပြီးရင် ကိတ်မုန့်ဖုတ်မယ့်ဒယ်အိုးထဲကို ဘလူးဘယ်ရီအရောအနှောတွေ ထည့်ထားပြီး Oven ထဲမှာ မိနစ် ၄၀၊ မိနစ် ၅၀ ခန့်ထည့်ထားလိုက်ပါ။

ထို့နောက် ဒယ်အိုးထဲမှ ထုတ်ပြီး အအေးခံလိုက်ပါ။ ဒါဆိုရင်တော့ စားချင်စဖွယ်လေးနဲ့ ချစ်စရာကောင်းတဲ့ ဘလူးဘယ်ရီ ချိစ်ကိတ်လေးကို ရရှိသွားပါပြီ။

မိမိစိတ်ကြိုက်ပုံသဏ္ဍာန်လှီးဖြတ်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com