သရက်သီးတွေ ခြံထဲမှာ လှိုင်လှိုင်သီးနေတာရယ် ၊ လဖက်ကို နှစ်သက်တဲ့ ချစ်သမီးလေး အလွမ်းပြေရယ် ပေါင်းပြီး  အိမ်မှာ လက်ဖက် – သရက်သီး နှင့် ပဲကြာဇံသုတ် သုတ်ပါတယ် ။  လက်ဖက် ထမင်းနယ်ကိုတော့ အများက စားလေ့ရှိပါတယ် ။  ထမင်းမကြိုက်တဲ့ ကျမကတော့ ထမင်းအစား ပဲကြာဇံနဲ့ နယ်ပါတယ် ။

ပါဝင်ပစ္စည်း

  • ပဲကြာဇံ
  • သရက်သီး
  • လဖက်ဆီစိမ်
  • အကြော်စုံ
  • ခရမ်းချဉ်သီး
  • ပုဇွန်ခြောက်မှုန့်
  • ကြက်ဥပြုတ်
  • ဆား
  • ပဲဆီစစ်စစ်
  • ကြက်သွန်ဖြူ
  • သင်္ဘောရွက်
  • သင်္ဘောရွက်
  • ငရုတ်သီးစိမ်း

ပြင်ဆင်ပြုလုပ်နည်း

  1. ပဲကြာဇံကို ရေစိမ်ထားပါ ။ ပြီးလျင် ဆူသော ရေနွေးကို စိမ်ထားသည့် ပဲကြာဇံပေါ်ကို လောင်းလိုက်ပြီး ပဲကြာဇံ နူးမှ ရေများသွန်ပြီး စစ်ထားပါ ။
  2. သရက်သီးကို အခွံခွာပြီး ဓါးနဲ့ ပေါက်ထားပြီး ရေစိမ်ထားပါ ။
  3. ခရမ်းချဉ်သီး အရှည်လိုက် ပါးပါးလှီးထားပါ ။
  4. ကြက်ဥကို ပြတ်ပြီး အကွင်းလိုက် လှီးပါ ။
  5. ငရုတ်သီးစိမ်းကို လှော်ပြီး ထောင်းရျ် (သို့မဟုတ်) ပါးပါးလှီးပြီးလည်း ထည့်လို့ရပါတယ် ။
  6. စားခါနီးတွင် ကြာဇံ ၊ ပေါက်ထားသော သရက်သီး ၊ လဖက်ဆီစိမ် (မိမိ နှစ်သက်သလောက် ထည့်ပါ ။) ၊ အကြော်စုံ ၊ ပါးပါးလှီး ထားသော ခရမ်းချဉ်သီး ၊  ပုဇွန်ခြောက်မှုန့် ၊ ဆား ၊ ပဲဆီစစ်စစ် နှင့် ငရုတ်သီးထောင်း တို့ကို ထည့်၍ နှံ့အောင် နယ်ပါ ။   ကြက်ဥပြုတ်ကို နောက်ဆုံးမှ ထည့်နယ်ပါ ။ (ကြေလွယ်လို့ပါ ။  ယခု သုတ်တဲ့ အထဲမှာတော့ ကြက်ဥကို ထည့်  မနယ်ပါ ။    ကြက်ဥနှင့် မတည့်သောသူများပါ စားနိုင်အောင်လို့ပါ ။)
  7. အပေါ့ အငန်မြည်း၍ မိမိ နှစ်သက်ရာ အရသာရလျင် သုံးဆောင်နိုင်ပါပြီ ။
  8. ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း နှင့် သင်္ဘောရွက် တို့ကို အသုတ် နှင့် တွဲဖက်၍ စားနိုင်ပါသည် ။ (သင်္ဘောရွက်သည် လေကြေစေရျ် လဖက်နှင့် တွဲရျ် စားလျင် ဗိုက်နာခြင်း ၊ လေအောင့်ခြင်းကို ကာကွယ်နိုင်ပါသည် ။

My Food Myanmar