ငပိချက် | ငပိကောင် - Salted Fish

ငါးဆားနယ် ငါးပိချက်

July 28, 2016

ငါးဆားနယ် ငါးပိချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်းသီးခပ်လတ်လတ် - ငါးလုံး
  • ဆီစားပွဲတင်ဇွန်း - ၂ဇွန်း
  • ငရုတ်သီး - ၁၀တောင့်
  • ငံပြာရည် - ၁ဇွန်း (စားပွဲတင်ဇွန်း)
  • ဟင်းခတ်မှုန့်  - အနည်းငယ်
  • ကြက်သွန်နီ - ၃လုံး
  • ကြက်သွန်ဖြူ - ၅မွှာ
  • နံနံပင် - တစ်စည်း
  • ဆနွင်းမှုန့်  - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးကိုဝယ် ရေစင်စင်ဆေး ရေစစ် ဆားများများနယ် ဇကာထဲထည့် အလေးတုံးနှင့်နေ့ တဝက်ဖိထားပြီး ချက်ခါနီးမှရေဆေးချက်ပါ ။
  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို ဆီသတ်ပြီး ခရမ်းချဉ်သီးပါအနှစ်ကျအောင် ချက်ထားပါ ။
  3. ပြီးလျင် ရေဆေးထားသော ငါးထည့်ပါ ။ ငရုတ်သီးစိမ်းပါ ထက်ခြမ်းခွဲထည့်ပါ ။
  4. အထက်ပါ အရသာတွေအကုန်ရောပြီး ဆီပြန်လာသည်အထိ အိုးကိုလှုပ်လှုပ်ပြီး မွှေပေးပါ ။
  5. အိုးချခါနီးတွင် နံနံပင်များစင်စင်ဆေး၍ အုပ်ပြီး ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည် ။
Credit: Myanmar Yummy Foods

Review

User Rating

5 (6 Votes)