ဒီနေ့တော့ ချက်စားရတာ အရမ်းလွယ်ကူပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ Korean Ginseng Chicken ချက်နည်းလေးပါ။

ပါဝင်ပစ္စည်းများ

101

  •  ကြက် တစ်ကောင်  Whole Chicken – 1 (700 g)
  •  ဂျင်စင်မြစ် Ginseng Roots – 3 Pcs
  •  ကောက်ညှင်းဆန် Glutinous Rice – 4 Tablespoons
  • ကြက်သွန်ဖြူ Garlic – 4 Pcs
  • ဇီးသီးအခြောက် Jujube (Red Dried)

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးစွာ ကြက်တစ်ကောင်လုံးကို ရေစင်အောင်ဆေးပါ။ ဗိုက်ထဲမှ သွေးခဲနှင့် အညစ်အကြေးများကို ပြောင်နေအောင် စိတ်ရှည်ရှည်ဖြင့် ဆေးပါ။ သွေးခဲများကျန်နေလျှင် Soup အရောင်မလှတော့ပဲ မဲညစ်ညစ်အရောင်ဖြစ်သွားပါလိမ့်မည်။
  2. သန့်စင်ပြီး ကြက်သားဝမ်းဗိုက်ထဲသို့ Gensing Root တစ်ချောင်းထည့်ပါ။ ကျန်သည့် ဂျင်စင်းအမြစ်များကို ကြက်သားပြုပ်သည့်အိုးထဲ အတူထည့်ပြုပ်ရပါမည်။ ထို့နောက် ကြက်ဝမ်းဗိုက်ထဲ့သို့ Glutinous Rice-ကောက်ညှင်းဆန်လေးဇွန်းထည့်ပါ။ ကြက်သွန်ဖြူထည့်ပါ။ စလေဇီးသီး အခြောက်ထည့်ပါ။ ထို့နောက် ကြက်ဝမ်ဗိုက် အရေပြားအား ဟိုဘက် ဒီဘက် ထုတ်ချင်းဖောက်၍ ကြက်ခြေထောက်နှစ်ချောင်းအား ကြက်ခြေခတ် ပုံချိတ်၍ ပိတ်ပါ။ (မလုပ်တက်လျှင် ကြက်ခြေထောက်နှစ်ချောင်းအား ကြိုးဖြင့်ချည်ပြီး ဗိုက်ထဲက အစာများ ထွက်မကျအောင်ပိတ်ပါ)
  3. ထို့နောက် ကြက်ပေါင်းမည့် မြေအိုး၊ ဒန်အိုး သင့်တော်ရာထဲသို့ထည့်၍ ကြက်သားရေမြုပ်အောင်ထည့်၍ ၄၅-မိနစ်ကြာအောင် ပေါင်းပေးပါ။ ထို့နောက် (ဆား ၊ ငရုပ်ကောင်းမှုန့်)ထည့်၍ အပေါ့ အငံမြည်းပြီး ပုံတွင်ပါသည့်အတိုင်း ထည့်၍ စားသုံးနိုင်ပါသည်။

Credit: Z.TT