ဆန်းဝစ်ချ်ဟာ တစ်ကမ္ဘာလုံး စားကြတဲ့ အစားအစာ တစ်ခုလို့တောင် ပြောလို့ ရပါတယ်။ မနက်စာ အဖြစ် စားကြသလို ပေါ့ပေါ့ပါးပါး သယ်သွားရတာ လွယ်တဲ့ အတွက် ပျော်ပွဲစားထွက်တဲ့ အခါမျိုးတွေမှာလည်း ယူသွားတတ်တဲ့ အစားအစာ တစ်ခုပါ။ ပေါင်မုန့်ကို အဓိက ထားပြီး လုပ်ရတဲ့ အစားအစာ ဖြစ်လို့ ပြုလုပ်ရ လွယ်ပြီး မြန်ဆန်တဲ့ အစားအစာပါ။ ကိုယ်တိုင် ပြုလုပ်ရလွယ်စေမယ့် Sandwich ၈ မျိုးကို မျှဝေလိုက်ရပါတယ်။

Tuna and Avocado Sandwich

tuna-and-avocado-sandwich

လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • ထောပတ်သီး မမှည့်တမှည့် အနည်းငယ်
  • Lemon Juice စားပွဲတင်ဇွန်းဝက်
  • တူနာငါး ၁၂၀ ဂရမ်
  • ခရမ်းချဉ်သီး ၂ ခြမ်း
  • ဆလပ်ရွက် အနည်းငယ်

သင့်ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းကော အပြင်ပိုင်းကောပါ အကျိုးပြုတဲ့ ထောပတ်သီး

  • ကြက်သွန်နီ တစ်လုံး
  • ပေါင်မုန့် ၂ချပ်
  • ဆား၊ ငရုတ်ကောင်း အနည်းငယ်
  • သံလွင်ဆီ အနည်းငယ်

ပြုလုပ်နည်း

၁။ ကြက်သွန်နီကို အကွင်းလိုက် လှီးထားပါ။ ဆလပ်ရွက်ကို အနည်းငယ် လှီးထားပါ။

၂။ ပေါင်မုန့်ချပ်တွေမှာ သံလွင်ဆီကို တစ်ဖက်စီ သုတ်ပေးပါ။

၃။ ထောပတ်သီးကို အစိပ်လေးတွေ လှီးပြီး ပေါင်မုန့်ပေါ်မှာ စီးပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တူနာငါးနဲ့ ဆလပ်တွေကို စီထည့်ပါ။ ဆား၊ ငရုတ်ကောင်းနဲ့ အချဉ်ကို ကိုယ်လိုသလောက် ထည့်ပါ။

၄။ အပေါ်ကနေ ပေါင်မုန့်တစ်ချပ်ကို အုပ်လိုက်ပါ။ အရသာ ရှိလှတဲ့ တူနာထောပတ် ဆန်းဝစ်ချ်လေးကို ရပါပြီ။

Chicken and Cream Cheese Sandwich

chicken-and-cream-cheese-sandwich

လိုအပ်သောပစ္စည်းများ

  • ပေါင်မုန့်နှစ်ချပ်
  • ကြက်သား အသားချည်း
  • ခရမ်းချဉ်သီး တစ်လုံး
  • ချိစ် ၃၀ ဂရမ်၊ ဆလပ်ရွက် အနည်းငယ်
  • ဆား ၊ ငရုတ်ကောင်း

ပြုလုပ်နည်း

၁။ ကြက်သားကို ဆားအနည်းငယ်နဲ့ ပြုတ်ပါ။ ပြီးရင် အချပ်လိုက်ဖြစ်အောင် လှီးထားပါ။

၂။ ချိစ်တွေကို ပေါင်မုန့်ပေးမှာ နှံ့အောင် သုတ်ပါ။ ကြက်သားအချပ်တွေကို ထည့်ပါ။ ခရမ်းချဉ်သီးကို အချပ်လိုက် လှီးပါ။ ဆလပ်ရွက်ကို ထည့်ပါ။ ဆားနဲ့ ငရုတ်ကောင်းကို လိုသလောက် ထည့်ပါ။

၃။ အခြားပေါင်မုန့်တစ်ချပ်ကို အပေါ်ကနေ အုပ်ပါ။ တြိဂံပုံစံ ထောင့်လိုက်ဖြတ်ပါ။ အရသာ ရှိတဲ့ ဆန်းဝစ်ချ်ရပါပြီ။

Source: brightside