၂၀၁၇ ခုနှစ်၊ မေလ (၂၂) ရက်နေ့က အာရှမှာ အကြီးဆုံး Inflight Food Tasting Event ဖြစ်တဲ့ Santan Food Festival ကို မလေးရှားနိုင်ငံ၊ Air Asia ရုံးခန်းဖြစ်တဲ့ Asia RedQ ခန်းမမှာ ဒေသတွင်းက ထင်ရှားတဲ အစားအသောက်များနှင်အတူ ကျင်းပခဲ့ပါတယ်။ ဒီပွဲတော်မှာ နောက်ဆုံးမိတ်ဆက်ပေးတဲ့ ဟင်းလျာကတော့ Thai Green Curry with Rice (ထိုင်းရိုးရာဟင်းခတ်အမွှေးအကြိုင်များဖြင့်နှပ်ထားသော မွှေးကြိုင်လှသည့်ကြက်သားဟင်းလျာ နှင့် မွှေးပျံ့နေသော ထမင်းဖြူမွမွလေး) အပါအ၀င် AirAsia လေယာဉ်များပေါ်သာရရှိနိုင်ပြီး အစားအသောက်ကောင်း ကြိုက်တတ်သူများကို ကျေနပ်ပျော်ရွှင်မှုရစေမယ့် Santan ဟင်းလျာများကိုပြသမိတ်ဆက်ခဲ့ပါတယ်။

Santan Food Festival

AirAsia ရဲ့ Group CEO တိုနီဖာနန်ဒက် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊ သူက “အစားအသောက်ဆိုတာကတော့ ဒေသတစ်ခုလုံးကို စည်းလုံးပေါင်းစည်းစေနိုင်တဲ့ အခြေခံကြောင်းအရာတစ်ခုပေါ့။ ကျွန်တော်တို့အခုလုပ်နေတာကတော့ အာဆီယံရဲ့အံ့သြဖွယ်ရာ ရသာအဖြာဖြာကို Santan Menu ထဲကိုဖြည့်စွက်မယ် မြေပြင်မှာရနိုင်တဲ့ အစားအသောက်ကောင်းတွေကို လေယာဉ်ပေါ်မှာလည်း ပုံစံတူရနိုင်အောင် လုပ်ပေးထားပြီးတော့ ထူခြားတဲ့အစားအသောက်အတွေ့အကြုံတွေ ဖန်တီးဖို့ပဲဖြစ်ပါတယ် ။ Inflight Food တွေကိုရသာစုံ ထားပေးနိုင်ဖို့နဲ့ ဈေးနှုန်းသတ်မှတ်ဖို့က အမြဲတမ်းစိန်ခေါ်မှုတစ်ရပ် အနေနဲ့ ရှိနေပါတယ်။ ဒါပေမဲ့ Santan Menu နဲ့သာဆိုရင် အရသာရှိပြီးဈေးနှုန်းသက်သာတဲ့ ပထမဆုံး ဝေဟင် စားသောက်ဆိုင် Brand တစ်ခုကိုဖန်တီးနိုင်မယ်လို့ယုံကြည်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Santan Food Festival

တိုနီကထပ်မံ၍  ” ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာတွေမှာ အင်အားစိုက်ထုတ်ထားတာနဲ့အတူ ကျွန်တော်တို့ရဲ့  မီလီယံ ၄၀၀ သော ခရီးသည်တွေကနေ ရရှိထားတဲ့သတင်းအချက်အလက်တွေကို အသုံးချ ပြီး Santan Inflight Meals Menu အပါအ၀င် ပိုကောင်းတဲ့ ပိုဆန်းသစ်တဲ့ လေယာဉ်တွင်းဝန်ဆောင်မှုတွေကို ဖန်တီးသွားမှာပါ။ ပြီးတော့ Electronic Point of Sales (ePOS) System  ကိုလည်း မကြာခင်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး  အဲဒါဟာ လေယာဉ်ပေါ်မှာရနိုင်မဲ့အစားအသောက်တွေအတွက် မှာယူငွေပေးချေတဲ့နေရာမှာ စားသောက်ဆိုင်မှာပေးချေနေရသလိုကို လွယ်ကူမှာဖြစ်ပြီးတော့ ကျွန်တော်တို့အနေနဲ့လည်း ခရီးသည်တွေဘာကိုလိုအပ်နေသလဲဆိုတာကို ပိုမိုနားလည်လာစေမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ထိပ်တန်းကော်ဖီ ကိုဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Inflight Coffee Trolleys ကိုအသုံးပြုဖို့ရယ် ၊ Green Packaging ကိုအသုံးပြုနိုင်ဖို့အတွက် ရယ်ကိုလည်း  အာဆီယံဒေသတွင်းက လုပ်ငန်းများ နဲ့ တောင်သူလယ်သမားများ နှင့် လက်တွဲလုပ်ဆောင်သွားဖို့ရှိပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Santan Food Festival

Santan Food Festival ကို မလေးရှား၊ယိုးဒယား၊အင်ဒိုနီးရှား၊ဖီလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊လာအို ၊မြန်မာ၊စင်ကာပူ၊ဘရူနိုင်း၊အိန္ဒိယ၊တရုတ်၊ထိုင်ဝမ်၊ဂျပန် နှင့် တောင်ကိုရီးယားအစရှိတဲ့ ဈေးကွက်ပေါင်း ၁၆ ခုမှ မီဒီယာနှင့် Key Influencers ပေါင်း အယောက်၂၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်ခဲ့သူများဟာ Santan ရဲ့ အစားအသောက်မြည်းစမ်းခြင်း ၊ အဲအေးရှား ရဲ့ Regional Manager of Group Inflight F&B Chef ဖြစ်သူ Calvin Soo က Thai Green Curry with Rice ကိုအစမ်းချက်ပြခြင်း နှင့် အဲအေးရှား X မှလေယာဉ်မောင် Assraf Nasir ရဲ့ ဖျော်ဖြေတင်ဆက်မှု  စတဲ့အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

အဲအေးရှား ရဲ့ ဆုရရှိခဲ့တဲ့  Santan Menu ဟာ ခရီးသည်များအတွက် လေယာဉ်ပေါ်တွင် သာမက အွန်လိုင်းမှ ကြိုတင်မှာယူထားရန်အတွက်ပါ ရွေးချယ်စရာ Inflight Meals များစွာ ထားရှိပေးလျက်ရှိပါတယ်။

ဒီ Menu မှာ ပူပူနွေးနွေးစားစရာများ ၊ ကလေးများအတွက်စားစရာများ ၊ အရသာရှိသော သွား၇ည်စာများ ၊ Wraps နှင့် Sandwiches အစရှိတဲ့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်များ နှင့် အဲအေးရှား ခရီးသည်များရဲ့ ကြိုက်နှစ်သက်မှုနှင့် ကိုက်ညီအောင် ပြုလုပ်ထားသော  ဒေသတွင်းအချိုပွဲ များလည်းပါဝင်တယ်။

Santan Food Festival

ခရီးသည်များကို ပိုမိုဈေးသက်သာစေရန် နှင့် အစားအသောက်များကို ရွေးချယ်ဝယ်ယူနိုင်စေရန် Santan Combo meal ကို  ကြိုတင်ဘွတ်ကင်လုပ်ထားရန်အတွက် တိုက်တွန်းချင်ပါတယ်။ ဒီလို ကြိုတင်မှာယူခြင်းဖြင့် စားသောက်လိုသောဟင်းလျာကို ရရှနိုင်ရန်ပိုမိုသေချာမှာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ အစားအသောက်အတွက် ဦးစားပေးဝန်ဆောင်မှု (Priority Meal Service) ကိုလည်းရရှနိုင်မည်ဖြစ်ပါတယ်။

အဲအေးရှားဟာ၂၀၁၆ခုနှစ် ဒီဇင်ဘာလ က ကျင်းပတဲ့ World Travel Awards Grand Finals မှာ  World’s Leading Inflight Service  ကိုရရှိခဲ့ပြီး လေယာဉ်တွင်း အစားအသောက်များစီစဉ်ရာမှာ ဆန်းသစ်တီထွင်ခဲ့နိုင်မှုတို့အတွက် ယခင်နှစ်အစောပိုင်းတွင် Onboard Hospitality မှလည်း Catering Innovation of the Year award ဖြင့်လည်း ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ အဲအေးရှား ရဲ့ Santan Food Festival နှင့်ပက်သက်သည့် အကြောင်းများကို  Hashtag #AirAsiaSantan နှင့် #SantanFoodFest   မှတစ်ဆင့် သော်လည်းကောင်း ၊   Twitter (twitter.com/AirAsia) နှင့် Facebook (facebook.com/AirAsia) ရှိ နောက်ဆုံးရ အဲအေးရှားသတင်းများ ၊ လှုပ်ရှားမှုများနှင့် Promotion များမှလည်းကောင်းသိရှိနိုင်ပါတယ်။