French Fried အာလူးကြော်မျိုးမဟုတ်ဘဲ တရုတ်စတိုင်လ် အာလူးကို အတုံးလေးတွေ တုံးပြီး ကြော်စားကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
အာလူး ၃ လုံး
ကြက်သွန်မြိတ် ၂ ချောင်း (တောက်တောက်စဉ်းထားပါ)
နံနံပင် ၁ မျှင် (အလှဆင်ဖို့)
ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း (တရုတ် ငရုတ်ကေင်းရရင် ပိုကောင်း) စားပွဲတင်ဇွန်း ၁ ဇွန်း
ဇီရာစေ့ (Cumin) စားပွဲတင်ဇွန်း ၁ဇွန်း
ပြုလုပ်နည်း
အာလူးကို အတုံးလေးတွေဖြစ်အောင် လှီးလိုက်ပါ။
အိုးတစ်အိုးထဲကို ရေထည့်ထားပါ။ ပြီးရင် မီးဖိုပေါ်တင်ပြီး အာလူးကိုပါ အဲ့အိုးထဲထည့်ပါ။ ပွက်ပွက်ဆူပြီး ၅ မိနစ်ကနေ ၇ မိနစ်ကြားလောက် ချက်ပါ။ အားလူးတွေ ပျော့သွားတဲ့အထိ ချက်ပါ။ ရေစစ်လိုက်ပါ။
တဖက်မှာ အာလူးကို ပြုတ်နေချိန်မှာ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို မီးအေးအေးလေးနဲ့ ၁ မိနစ်လောက် လှော်လိုက်ပါ။ ငရုတ်ကောင်း စားပွဲတင်ဇွန်း ၁ ဇွန်းကို ထည့်ပါ၊ ဇီရာစေ့ (Cumin) ကို ထည့်ပါ။ အနံ့လေး မွှေးလာတဲ့အထိ မီးအေးအေးနဲ့ လှော်ပေးပါ။ ပြီးရင် မီးဖိုပေါ်ကနေ ချထားပါ။
ပြုတ်ထားတဲ့ အာလူးတွေထည့်ထားတဲ့ ဇလုံထဲမှာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို ထည့်လိုက်ပါ။ ၅ မိနစ်လောက်နှပ်ထားပါ။
ဆီအနည်းငယ်ကို ဒယ်အိုးထဲထည့်ပြီး အာလူးတွေကို ဖြန့်ထည့်လိုက်ပါ။ အောက်ခြေက အညိုရောင်ပြောင်းသွားတဲ့အထိ၊ ကြွပ်ရွသွားတဲ့အထိ ကြော်ပေးပါ။ အာလူးတွေကို ဟိုဘက်ဒီဘက် လှန်ပြီး ကြော်ပေးပါ။
ခုနက ပြုလုပ်ထားတဲ့ ဟင်းခတ်အမှုန့်တွေနဲ့ နယ်ပေးပြီး နံနံပင်၊ ကြက်သွန်မြိတ်တွေနဲ့ ပူတုန်းလေး စားပေးပါ။
Photos Credit: China Sichuan Food