မြန်မာနိုင်ငံမှာတော့ မျှစ်တွေကို ထမင်းစားရင် တို့စရာအဖြစ် စားသုံးကြသလို၊ မျှစ်ကြော်စတဲ့ မျှစ်ကို ဟင်းလျာအဖြစ်လည်း ချက်ပြုတ်စားကြပါတယ်။

တန်ဖိုးနည်းပေမယ့် ရရှိတဲ့အကျိုးကျေးဇူးကတော့ အရမ်းကိုများလှပါတယ်။

ကိုယ်အလေးချိန်ကို ကျဆင်းစေ

မျှစ်တွေမှာပါဝင်တဲ့ အမျှင်ဓာတ်တွေမှာ Prebiotic သတ္တိတွေပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ဘက်တီးရီးယားတွေကို ထိန်းချုပ်ပေးပါတယ်။ ဇီဝကမ္မဖြစ်စဉ်မြန်ရင် ကိုယ်အလေးချိန် ကျလေဖြစ်ပါတယ်။

အမျှင်ဓာတ်တွေကလည်း ကိုယ်အလေးချိန်ကို ပိုပြီး ကျဆင်းစေပါတယ်။

ကင်ဆာ ရောဂါကို ကာကွယ်နိုင်

ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး၊ ကိုယ်အလေးချိန်လျော့ချပေးမယ့် ထောပတ်သီး

မျှစ်တွေမှာပါဝင်တဲ့ ဓာတ်တွေမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးတဲ့ဓာတ်တွေလည်းပါဝင်နေပါတယ်။ အရောင်မဆိုးထားတဲ့ မျှစ်တွေတော့ စားဖို့ လိုတာပေါ့နော်။

အထူးသဖြင့် အစာအိမ်ဟောင်း နှင့်ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

နှလုံးကျန်းမာရေးကို မြှင့်တင်ပေး

နှလုံးရောဂါကို ကာကွယ်ပေးမယ့် အစားအစာများ

မျှစ်တွေမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများတာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးကို ကျန်းမာစေပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

သုတေသနရလဒ်တွေအရ မျှစ်တွေမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။

ဒဏ်ရာ အကျက်လွယ်

ရှေးခေတ်က ဝါးရွက်ကို ဒဏ်ရာမှာ အုံပြီး ဒဏ်ရာအကျက်လွယ်အောင် သုံးခဲ့ကြပါတယ်။ ဒါ့ကြောင့် ဝါးပင်၊ ဝါးရွက်တွေမှာ ဒဏ်ရာ အမြန်ကျက်စေတဲ့ဓာတ်တွေပါဝင်နေပါတယ်။