ပိန္န္နဲသီးမှာ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဗီတာမင် A၊ B6၊ C စတာတွေအပြင် ပရိုတင်းဓါတ်တွေလည်း အများအပြားပါဝင်ပါတယ်။

အူမကြီးကင်ဆာဟာ ကုသရခက်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဉ် အမေရိကန်က လူဦးရေ ၁.၁၇ သန်းလောက် အဲဒီရောဂါနဲ့ ပတ်သတ်တဲ့ ဆိုးကျိုးတွေ ခံစားနေရတယ်လို့ အမျိုးသားကင်ဆာအင်စတီကျူ့စ်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ပိန္နဲသီးကတော့ အဲဒီလို ကုရခက်တဲ့ ကင်ဆာတွေကို ကုသနိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

အူမကြီးကင်ဆာ

ပိန္န္နဲသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ Phytonutrient ( ဖိုင်တိုနူးထရင့် ) ၊ Isoflavone ( အိုင်ဆိုဖလေဘုန်း ) ၊ Lignan (လစ်ဂနမ်) နဲ့ Saponin (ဆက်ပိုနင် ) စတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာနဲ့ တခြားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Phytonutrient (ဖိုင်တိုနူးထရင့်)

အပင်ထွက် အစားအစာတွေမှာ ပါဝင်တဲ့ Phytonutrient ဓါတ်ဟာ ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးတိုးပွားလာမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပိန္န္နဲသီးမှာ အဲဒီဓါတ်တွေ ပြည့်ဝစွာပါဝင်တာကြောင့် အစာအိမ်နာတာတွေကို သက်သာပျောကကင်းစေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက ထုတ်ပြန်ထားပါတယ်။

Saponin (ဆက်ပိုနင် )

jackfruits1

ပိန္န္နဲသီးမှာပါဝင်တဲ့ Saponin ဓါတ်က ကင်ဆာကို ကုသပေးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ သွေးကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တယ်လို့ဆိုပြီး ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးမှုကို တားဆီပေးနိုင်ပါတယ်။

Lignan (လစ်ဂနမ်) နဲ့ Isoflavon ( အိုင်ဆိုဖလေဘုန်း )

လေ့လာတွေ့ရှိချက်တွေအရ အဲဒီဓါတ်နှစ်ခုလုံးဟာ အစာအိမ်ကင်ဆာ အန္တာရာယ်ကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၀၆ ခုနှစ်က အမျိုးသမီး ၅၀၀ ကို သုတေသနပြုလုပ်ခဲ့ပြီး ပိန္န္နဲသီးဟာ ကင်ဆာဆဲလ် အမျိုးအစားတော်တော်များများကို လျှော့ချပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။

DNA ဆဲလ်ပျက်ဆီးမှု ကို ကာကွယ်ပေးနိုင်ခြင်း

jackfruit

ပိန္န္နဲသီးမှာ ပါဝင်တဲ့ Antioxidant ဟာ Oxidant ကြောင့် ခန္တာကိုယ် အိုမင်းရင့်ရော်လာတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာပြီး အူလမ်းကြောင့်ကို သန့်စင်ပေးနိုင်သလို အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါတင်မကသေးပါဘူး။ အစာအိမ်ခြေလမ်းကြောင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အူမကြီးကင်ဆာ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း

ပိန္န္နဲသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး သကြားဓါတ်လည်းပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။