အမျိုးသမီးတွေအတွက်တော့ အထူးသတင်းကောင်းတစ်ခုပါပဲ။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ဥရောပ ရင်သားကင်ဆာညီလာခံမှာ ရင်းသားကင်ဆာကို ဓါတုကုထုံးအကူအညီမပါဘဲ ကုသနိုင်ခဲ့တယ်လို့ မကြာသေးမီ ရက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

ps_140625_breast_cancer_800x600

ပါမေက္ခ ရင်းသားကင်ဆာ ကုသရာမှာ အဓိကအသုံးပြုနေတဲ့ Nigel Bundred က Herceptin ဆေး နဲ့ Lapatinib ဆေး ၂ မျိုးကို ခွဲစိတ်ကုသမှုမလုပ်ခင်မှာ တွဲသုံးပြီး ကုသခဲ့တာပါ။ အဲဒီမှာပဲ ရင်သားကင်ဆာကို ၁၁ ရက်အတွင်း တိုက်ဖျက်နိုင်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

breast cancer ribbon

HER2 ဆိုတဲ့ ရင်သားကင်ဆာ၊ ဆဲလ်ပေါ်မှာ တွေ့ရတဲ့အထူးပရိုတင်းတစ်မျိုးကို တိုက်ဖျက်နိုင်ပြီး အဲဒီဆေးဝါးကို အသုံးပြုခဲ့တာဖြစ်ပြီး  UK နိုင်ငံရှိ ကင်ဆာသုတေသနက ငွေကြေးထောက်ပံ့ပေးခဲ့တာပါ။ HER2 က ကင်ဆာဆဲတွေ ကြီးထွားစေပြီး ကင်ဆာအကြိတ်ကို ဖြစ်ပေါ်စေပါတယ်။

လေ့လာတွေ့ရှိမှုရလဒ်

healthcare and medicine concept - group of smiling women in blank t-shirts with pink breast cancer awareness ribbons

HER2 Positive ကင်ဆာဖြစ်နေတဲ့ လူနာရှင် အမျိုးသမီး ၂၅၇ ဦးရွေးချယ်ပြီး ပထမတစ်ဖွဲ့ကို အပေါ်မှာ ဖော်ပြခဲ့တဲ့ ဆေး၂ မျိုးကို ရောပြီးတိုက်ခဲ့ပြီးတော့ တခြားတစ်ဖွဲ့ကိုတော့ ရိုးရိုးပဲ ကုသခဲ့တာပါ။ ဆေးမှီးဝဲသူတွေထဲက ၁၁ % နှုန်းဟာ ၂ ပတ်အတွင်း ကင်ဆာဆဲလ် လုံးဝပျောက်ကင်းသွားခဲ့ပြီး ၁၇ % ကတော့ ကင်ဆာအကျိတ် သိသိသာသာ သေးသွားတာကို တွေ့ရှိခဲ့ပါတယ်။

Cancer-reaserch

Herceptin ဆေးတွေကိုပဲ သီးသန့်ပေးခဲ့တဲ့အဖွဲ့ကတော့ ကင်ဆာဆဲလ်တွေ ပျောက်ကင်းမသွားခဲ့ဘဲ ၃ % လောက်သာ အကျိတ်ရဲ့ အရွယ်အစား ကျဆင်းသွားတာတွေ့ခဲ့ပါတယ်။ ဒါကြောင့် ဆေး၂မျိုးကို ပေါင်းပြီး အသုံးပြုတာက ရင်သားကင်ဆာအတွက် ပိုပြီးထိရောက်တယ်ဆိုတာ ထင်ရှားနေခဲ့ပါတယ်။

_88679270_c0264776-breast_cancer_cell,_sem-spl

လက်ရှိအထိတော့ Herceptin ဆေး လိုင်စင်တွေဟာ ဓါတုကုထုံးတွေနဲ့ တွဲပြီးတော့သာ အသုံးပြုနိုင်သေးတာပါ။ ဒီလေ့လာတွေ့ရှိမှုရဲ့ ရလဒ်ကတော့ အဲဒီလိုအတွေးအခေါ်တွေ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

bcancer-og

အခုချိန်ထိတော့ လုပ်ငန်းအောင်မြင်ဖို့ လုပ်ရမဲ့အဆင့်တွေ အများကြီးရှိသေးပေမဲ့ အဓိကကတော့ ကမ္ဘာပေါ်က အမျိုးသမီးတွေ သေဆုံးမှုအမျးဆုံးထဲက ရောဂါတစ်မျိုးဖြစ်တဲ့ ရင်သားကင်ဆာကို တိုက်ဖျက်နိုင်ဖို့ထိ မျှော်လင့်နေပါတယ်။

_88679262_c0269993-breast_cancer,_mri_scan-spl

ဒီကနေ့ခေတ်မှာ ဆေးပညာရပ်တွေကလည်း နှစ်စဉ်နှင့်အမျှ ပိုမိုတိုးတက်လာပြီဖြစ်ပြီး မကြာမှီမှာ ရင်သားကင်ဆာကိုတိုကဖျက်နိုင်ဖို့ ဆေးသုတေသီတွေက မျှော်လင့်နေကြပါတယ်။