မရမ်းသီးတွေ အခုဆိုရင်တော့ စပြီးပေါ်စ ပြုနေပါပြီ။ မရမ်းသီးတွေ ကြီးလာရင်တော့ အချိုစိမ်ပြီး စားတတ်ကြပါတယ်။ မရမ်းသီးကို အချိုစိမ်ပြီး ငရုတ်သီးမှုန့်၊ ငံပြာရည်တို့နဲ့လည်း ပြန်သုပ်စား ကြပါတယ်။

မရမ်းသီး အချိုစိမ်နည်းလေးကို လွယ်လွယ်ကူကူ ဖြစ်စေမယ့် နည်းလေး မျှဝေချင်ပါတယ်။

မရမ်းသီး
သကြား
ဆား အနည်းငယ်
ရေနွေး
ဖန်ပုလင်း

၁။ ဖန်ပုလင်းတစ်လုံးထဲကို ရေနွေးပူပူလေး ထည့်ပြီး ပိုးသတ်ပါ။
၂။ ခဏထားပြီးရင်တော့ ရေနွေးတွေကို သွန်ပြီး ခဏထားပါ။
၃။ ရေနွေးထပ်တည်ပြီး ရေနွေးပူပူထဲကို သကြားနဲ့ ဆားအနည်းငယ်ထည့်ပြီး ပျော်အောင် ဖျော်ပါ။
၄။ မရမ်းသီးတွေကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ပါ။
၅။ သကြားရည်တွေကို ပုလင်းထဲ ထည့်ပါ။
၆။ မရမ်းသီးတွေကိုလည်း ထည့်ပါ။
၇။ နေရောင်ရှိတဲ့နေရာမှာ ခဏပြပြီး သိမ်းထားပါ။
၈။ ၄-၅ရက်လောက် နေရင်တော့ စားလို့ ရပါပြီ။