1. ရှာလကာရည်

ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက် ထည့်ပေးရုံဖြင့် အနံ့အရသာကို ပိုမို ထင်ပေါ် မွှေးပျံ့စေသည့် အပြင် ရာသီဥတု အလွန်ပူပြင်း၍ ထမင်းသိုးခြင်းကို ကာကွယ် ပေးနိုင်ပါတယ် ။

2. ဘီယာ

ဆန်ဟောင်းများအထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့အရသာ ဆန်သစ်လောက်မကောင်းတဲ့ချိန်မှာ စိတ်ပူစရာမလိုပါဘူး ၊ ထမင်းချက်ချိန်မှာ ဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ။ ပေါ်ဆန်းမွှေးကဲ့သို့ မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။

3. မြေပဲဆီ

ထမင်းချက်ရာမှာ ဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပြီး အသာမွှေပေးလိုက်ပါ။ ဆန်ဖွာခြင်းမရှိပဲ ခံတွင်းတွေ့စေမယ့်ထမင်းကိုရရှိမှာ ဖြစ်ပါတယ်။

4. ဆား

ဆားက သင့်သွားကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေလား (သို့) ဆိုးကျိုးဖြစ်စေသလား

လက်ကျန်ထမင်းကိုပြန်နွှေးရာတွင် ဆားအနည်းငယ်ထည့်ပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်စေမည့်အပြင် ထမင်းကိုလည်း နူးညံ့စေပါတယ်။

5. ဆန်အရက် ( အရက်ဖြူ )

ထမင်းကြော်ရာတွင် အရက်သုံးလေးစက်အနည်းငယ်ထည့်ကြော်ပေးပါက နတ်သုဒ္ဒါပမာ ထမင်းအရသာကို ရရှိစေမှာဖြစ်ပါတယ်။
အကယ်၍ ထမင်းကျက်တဝက် မကျက်တဝက်အခြေနေမျိုး တွေ့ကြုံနေပါက ဆန်အရက် ဇွန်းနှစ်ဇွန်းစာထည့်ပြီးနွှေးပေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေမှာဖြစ်ပါတယ်။

၆ ။ ရေကျက်အေး

ထမင်းချက်ရာတွင် ရေကျက်အေးဖြင့်ချက်ပေးပါက ဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို အပြည့်အဝရရှိစေမှာ ဖြစ်ပါတယ်။

7. ကြက်သွန်မြိတ်

ထမင်းတူးသွားပါက ထမင်းကြားထဲကို ကြက်သွန်မြိတ်တစ်ပင် ခဏဖုံးအုပ်ထားလိုက်ပါ။ တူးနံ့များယူပစ်သလို ပျောက်သွားစေပါတယ်။

8. လက်ဖက်ရည် ကြမ်း

ရေနွေးကြမ်းကို ထမင်းချက်ရာမှာထည့်ပြီး သာမာန်အတိုင်းထမင်းရေငှဲ့ချက်လျှင် ရရှိလာတဲ့ထမင်းက အနံ့အရသာကို  ပြည့်စုံစေရုံသာမက အဟာရလည်း အလွန်ဖြစ်စေပါတယ်။

9. သံလွင်ဆီ

ထမင်းချက်ရာတွင် သံလွင်ဆီအနည်းငယ်ထည့်ပေးပါက ဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို ထိန်းချုပ်နိုင်စေသည့်အပြင် အစာအိမ်ကိုလည်း ဥပါဒ်မဖြစ်စေပါဘူး။ ဆီးချိုသမားများအတွက် အထူးသင့်လျော်ပါတယ်။

* အိမ်ရှင်မများအရသာပြည့်ဝတဲ့မိသားစုထမင်းဝိုင်းလေးဖန်တီးနိုင်ကြပါစေ *

Credit: Myanmar Daily Star