စတော်ဘယ်ရီသီးကို ဒီအတိုင်း မစားချင်ရင်လဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ ဖျော်ရည်ဖျော် သောက်လို့ ရပါတယ်။ အခုလို အလွန်ပူအိုက်နေတဲ့ နွေရာသီမှာဆိုရင် ရင်အေးစေပြီး ဆီးချိုအတွက်လည်း အလွန်သင့်တော်လို့ အကောင်းဆုံးပါပဲ။

ပါဝင်ပစ္စည်း

  • စတော်ဘယ်ရီသီး  –  ၁ ခွက် (မုန့်ဖုတ်ရန်တိုင်းသောခွက်)
  • နွားနို့  –  ၂ ခွက် (မုန့်ဖုတ်ရန်တိုင်းသောခွက်)
  • ပျားရည်  –  ၁ ဇွန်း (စားပွဲဇွန်း)
  • Vanilla  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ဒိန်ချဉ်ခဲ   –  ၅ ဇွန်း (စားပွဲဇွန်း)
  • ပန်းသီးစိမ်း  –  ၁ စိတ် (အလှဆင်ရန် ပါးပါးလေးလှီးထားပါ)
  • လိမ္မော်သီး  –  ၁ စိတ် (အလှဆင်ရန် ပါးပါးလေးလှီးထားပါ)
  • စတော်ဘယ်ရီ  –  ၂ လုံး (အလှဆင်ရန် စိတ်ထားပါ)

ပြုလုပ်နည်း

  1. ဖျော်ရည်စက်ထဲကို အလှဆင်ရန် အသီးများက လွဲလို့ ကျန်ပစ္စည်းများ အားလုံး ထည့်မွှေပါ ။
  2. ကိုယ်လိုရာ ခွက်ထဲ ထည့်ပြီး အသီးလေးများနဲ့ အလှဆင်ပြီး သောက်သုံးနိုင်ပါပြီ ။
  3. မှတ်ချက်- ဒိန်ချဉ်ခဲ မထည့်ပဲ vanilla ရေခဲမုန့်နဲ့ အစားထိုးလဲ ရပါတယ် ။