ထမင်းစား မြိန်စေတဲ့ ခရမ်းချဉ်သီး – ပဲပုတ် ပန်ထွေဖျော်လေးပါ။ ဟင်းသီးဟင်းရွက်များကို ပြုတ်၍ ပန်ထွေဖျော်လေးနှင့် တို့စားလျင် ကောင်းမှကောင်းပေါ့ရှင်။

ပါဝင်ပစ္စည်းများ

13898623_10154669345908132_814802705_o

  • ပဲပုတ် – ၁ ချပ် ( ကင်ပြီး မှုန့်နေအောင် ထောင်းပေးပါ )
  • ခရမ်းချဉ်သီး – ၃ လုံး ( လှော်ထားပါ)
  • ကြက်သွန် – ၁ လုံး ( လှော်ထားပါ)
  • ကြက်သွန်ဖြူ – ၁ ဥ ( လှော်ထားပါ)
  • ငရုတ်သီးစိမ်း – စားနိုင်သလောက် ( လှော်ထားပါ)
  • ဆား
  • နံနံပင်

ပြုလုပ်နည်း

  1. လှော်ထားသော ခရမ်းချဉ်သီးများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပဲပုတ်မှုန့်၊ ဆားတို့ကို ကြိတ်စက်ထဲ (သို့မဟုတ်) ဆုံထဲတွင် ထည့်၍ ကြိတ်ပါ/ထောင်းပါ။
  2. အားလုံး နှံ့စပ်သွားအောင် ကြိတ်ပေး/ ထောင်းပေးပါ။ ပြီးလျှင် အရသာ အပေါ့အငံမြည်းပြီး ဆားကို လိုသလို ထည့်ပါ။ အပေါ်မှ နံနံပင် နှင့် ပဲပုတ်မှုန့် အနည်းငယ်ကို ဖြူးပြီး သုံးဆောင်လို့ ရပါပြီ။
  3. အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar