ရှမ်း - Shan | အသုပ် - Salad | ကြက်ဥ - Eggs

ရှမ်းရိုးရာကြက်ဥသုပ်

June 27, 2016

ရှမ်းရိုးရာကြက်ဥသုပ်

Share this on:

ကြက်ဥဆိုတာနဲ့ ပြုတ် ၊ ကြော်  ဘယ်လိုလေး လုပ်စားမလဲ စဉ်းစားကြတာပေါ့ ။ အခုတော့ အဆန်လေး တွေ့လိုက်လို့ My Food မိတ်ဆွေတို့ကို ပြန်ရှယ်ပေးလိုက်ပါတယ် ။ (ကြက်ဥထောင်းကို ပြန်လည်ဆန်းသစ်ထားတာပါ ။)

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၃ လုံး
  • ကြက်သွန်နီ - အသေး တစ်လုံး
  • စပါးလင် - လက်နှစ်ဆစ်
  • ငရုတ်သီး - ၄ တောင့်
  • နံနံပင် - ၂ ပင်
  • ရှမ်းနံနံ - ၃ ရွက်
  • ကြက်သွန်မြိတ် - ၁ ပင်
  • ဂျင်း - ၁ လွှာ
  • ဂျူးမြစ် - ၅ ပင်
  • ငါးငံပြာရည် - ၂ စားပွဲတင်ဇွန်း
  • သကြား - ၁ လက်ဖက်ရည်ဇွန်း
  • သံပုရာသီး - ၂ လုံး
  • ပုဇွန်ခြောက်မှုန့် - တစ်ဇွန်း

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်ဥကို (၈ မိနစ်) ပြုတ်ပြီး ရေအေးစိမ်ထားပါ ။ အခွံနွှာ ထက်ခြမ်းခြမ်းပါ ။
  2. ပါဝင်ပစ္စည်းများကို နုပ်နုပ်စဉ်းပါ ။ အရသာအားလုံး ရောနောပြီးကြက်ဥပေါ်တင်ပါ ။ အရသာရှိသော ကြက်ဥသုပ်ကို မိမိနှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ ။
Credit: Phoo Htoo

Review

User Rating

3.6 (24 Votes)