ခဝဲရွက်ဟင်း

Share this on:

ရှမ်းပြည်မှာ ဒီလို အချိန်တွင် အရမ်းပေါတဲ့ လတ်လတ်ဆတ်ဆတ် ခဝဲရွက်ဟင်း ကို ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ထောင်း သံပုရာသီး ညှစ်ပြီး စားကြည့်ပါ ။ ကောင်း မှ ကောင်းပေါ့ ။

ခဝဲရွက်ဟင်း ၁

ပါဝင်ပစ္စည်းများ

  • ခဝဲရွက် (ခြွေထားပါ)
  • ခဝဲသီး နုနု (အခြမ်း မထူမပါး လှီးထားပါ)
  • ပဲပုပ် ၂ ချပ် (မီးကင်ရ်ျ အမှုန့်ဖြစ်အောင် ထောင်းထားပါ)
  • သံပုရာသီး
  • ကြက်သွန်ဖြူ ၃/၄ မွှာ (ထောင်းထားပါ)
  • ငရုတ်သီးစိမ်း အနည်းငယ်
  • ပင်စိမ်းရွက် အနည်းငယ်
  • ဆီ အနည်းငယ်
  • ဟင်းချိုမှုန့် အနည်းငယ်

ပြုလုပ်နည်း

  1. အိုးထဲတွင် ရေ ၊ ဆား ၊ ဟင်းချိုမှုန့် ၊ ပဲပုပ် ၂ချပ်ကို မီးကင်ထောင်းမှုန် ၊့ ဆီနဲနဲ ၊ ခရမ်းချဉ်သီးမှည့် အရင် တည်ပါ ။
  2. ဟင်းရည်အိုး တော်တော် ဆူပွက် လာပြီး စားခါနီးတွင် လှီးချွတ်ထားသော ခဝဲရွက် ၊ ခဝဲသီး နုနု ၊ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ထောင်း ထည့်ရင် ရပါပြီ ။
  3. အပေါ့အငံ မြည်းရ်ျ ခဝဲရွက် ကြော်ချက်ပေါ်မှ ပင်စိမ်းရွက်အုပ် ၊ သံပုရာသီးညစှ်ပြီး သုံးဆောင်နိုင်ပါသည် ။
Credit: Phyu Phyuhnin

Review

User Rating

4 (2 Votes)