ဝက်နားရွက် နံတုန်

Share this on:

ပီမိုတို့က သိန္နီကဆိုတော့  ၀က်ခြေထောက်နဲ့ နံတုန်ကိုတော့ အိမ်မှာ မကြာခဏ လုပ်စားကြပါတယ် ။  ၀က်နားရွက်နံတုန်ကိုတော့ မအိစံ (Ei San’s Homemade Insparation) ရဲ့ ပြလုပ်နည်းကို ဖတ်ပြီးလုပ်တာပါ ။  အိမ်မှာ တရုပ်နံနံ၊ ကြက်သွန်မိတ် မရှိတော့ နံနံပင်ကိုဘဲ သုံးထားပါတယ် ။  ပီမိုတို့က ၀က်ခြေထောက်နံတုန်မှာ ခရမ်းချဉ်သီး နဲ့ ငရုပ်ကောင်း အမြဲတမ်းထည့်တာကို နှစ်သက်လို့ ထည့်ထားပါတယ် ။  ဒီက ၀က်နားရွက်က ကြီးတော့  ၀က်နားရွက် တဖက်ထဲကိုဘဲ အသုံးပြုထားပါတယ် ။  ဝက်နားရွက် နံတုန်ပြုလုပ်နည်းကို မျှဝေတဲ့ မအိစံ (Ei San’s Homemade Insparation)ကို ကျေးဇူး အထူးတင် ရှိပါတယ် ။

13977794_10154693745503132_545614367_o

ပါဝင်ပစ္စည်းများ

  • ၀က်နားရွက် - ၁ ခု
  • ဆား - ၁ ဇွန်းခွဲ (လဖက်ရည်ဇွန်း)
  • သကြား - ၁ ဇွန်း (လဖက်၇ည်ဇွန်း )
  • နံနတ်ပွင့် - ၂ ခု
  • ကြက်သွန်ဖြူ - ၃ တက် (သေးသေးစိပ်စိပ် လှီးထားပါ)
  • နံနံပင် - ၅ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီး စိမ်း - ၃ တောင့် (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး အသေး - ၂ လုံး
  • ရှာလကာရည် - ထမင်းစားဇွန်း ၅ ဇွန်း
  • ငရုပ်ကောင်းစေ့ - ၁၀ စေ့ (လှော်ပြီး မညက်တညက် ထောင်းထားပါ)

ပြုလုပ်နည်း

  1. ၀က်နားရွက်ကို ရေဆေး သန့်စင်ပြီး ၂ပိုင်း ပိုင်းထား ပါ ။
  2. အိုးထဲတွင် ရေထည့်ရ်ျ ၀က်နားရွက်ကို ဆား ၊ နံနတ်ပွင့်တို့ဖြင့် ပျော့သွားအောင် မိနစ် ၅၀ ခန့်  ပြုတ်ပါ။
  3. ပြီးလျင် ၀က်နားရွက်ကို အအေးခံရ်ျ ပါးပါးလှီးပါ ။ ပြုတ်ထားသော အရည်များကို သွန်ပြစ်ပါ ။
  4. အိုးတခုထဲတွင် ရေကို ဆူအောင် တည်ရ်ျ ပါးပါးလှီးထားသော ၀က်နားရွက်ကို ဆား ၊ သကြားတို့ ထည့်ရ်ျ နူးအိအောင် ပြုတ်ပါ။
  5. ၀က်နားရွက် နူးအိသွားပြီး ရေအမှတ်သည် ဝက်နားရွက် နှင့် တပြေးညီခန့် ဖြစ်လျင် မီးဖိုပေါ်မှ ချပါ ။
  6. လှီးထားသော ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ရှာလကာရည်ကို မီးဖိုပေါ်က ချချချင်း ထည့်ပါ။
  7. ခရမ်းချဉ်သီးကို အခွံခွာ ၊ ခရမ်းချဉ်သီး အရေနှင့် အစေ့ကို ထုတ်ပြီး အတုံးသေးသေးများ တုံးထားပါ ။
  8. အေးသွားလျင် ခရမ်းချဉ်သီးကို ထည့်ရ်ျ မညက်တညက် ထောင်းထားသော ငရုပ်ကောင်းစေ့ကို ထည့်ပါ ။
  9. အရသာ အပေါ့အငံ မြည်းရ်ျ မိမိစိတ်ကြိုက် ဖြစ်လျင် နံတုန် ခဲမည့် ခွက်ထဲထည့်ရ်ျ ရေခဲသေတ္တာအောက်ထပ်ထဲ ထည့်ရ်ျ ခဲပါ ။
  10. နံတုန်ကို ချဉ်ငံစပ်နဲ့ သိန္နီဘက်ကတော့ စားပါတယ် ။
My Food Myanmar

Review

User Rating

5 (4 Votes)