ပါဝင်ပစ္စည်းများ

  • ပိန်းနဲသီး ၁ ကွင်း (ပြုတ်ထားပါ ။)
  • ခရမ်းချဉ်သီး ၃ လုံး (၄စိတ်စပ်ထားပါ ။)
  • ကင်မွန်းချဉ်ဖူး လက်တဆုပ်စာ
  • ဆူးပုတ် လက်တဆုပ်စာ
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း အပွ ၃ တောင့် ( နှစ်ခြမ်းခွဲရျ် ဓါးပြား ရိုက်ထားပါ ။
  • ပင်စိမ်းရွက်
  • ပဲပုတ်ပြား ၁ ခြပ် (ကင်ရျ် ထောင်းထားပါ )
  • ဆား အနည်းငယ်
  • ရေ ၂ လီတာ

ပြုလုပ်နည်း

  1. အိုးထဲတွင် ရေ ၂ လီတာခန့် ထည့်ရျ် လှီးထားသော ပိန်းနဲသီး ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ နှင့် ငရုတ်သီးစိမ်း တို့ထည့်ရျ် မီးအေးအေးဖြင့် ဆူအောင် တည်ပါ ။
  2. ရေ ဆူလာလျ ကင်မွန်းချဉ်ဖူး နှင့် ဆူးပုတ် ကိုခပ်ပါ ။
  3. အရွက်များ အနည်းငယ် နွမ်းသွားလျင် ကင်ရျ် ထောင်းထားသော ပဲပုတ်အမှုန့် မွှေးမွှေးလေးကို ဖြူးပါ ။
  4. ဟင်းအည် ပွက်လာလျင် ဆား အနည်းငယ် ထည့်ရျ် ပင်စိမ်းရွက် အုပ်ပြီး ၊ အရသာ အပေါ့အငံမြည်းရျ် သုံးဆောင်နိုင်ပါပြီ ။
  5. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။

MyFood Myanmar