ကြက်ဥဆိုတာနဲ့ ပြုတ် ၊ ကြော်  ဘယ်လိုလေး လုပ်စားမလဲ စဉ်းစားကြတာပေါ့ ။ အခုတော့ အဆန်လေး တွေ့လိုက်လို့ MyFood မိတ်ဆွေတို့ကို ပြန်ရှယ်ပေးလိုက်ပါတယ်။ (ကြက်ဥထောင်းကို ပြန်လည်ဆန်းသစ်ထားတာပါ ။)

ပါဝင်ပစ္စည်းများ

  • ကြက်ဥ – ၃ လုံး
  • ကြက်သွန်နီ – အသေး တစ်လုံး
  • စပါးလင် – လက်နှစ်ဆစ်
  • ငရုတ်သီး – ၄ တောင့်
  • နံနံပင် – ၂ ပင်
  • ရှမ်းနံနံ – ၃ ရွက်
  • ကြက်သွန်မြိတ် – ၁ ပင်
  • ဂျင်း – ၁ လွှှာ
  • ဂျူးမြစ် – ၅ ပင်
  • ငါးငံပြာရည် – ၂ စားပွဲတင်ဇွန်း
  • သကြား – ၁ လက်ဖက်ရည်ဇွန်း
  • သံပုရာသီး – ၂ လုံး
  • ပုဇွန်ခြောက်မှုန့် – တစ်ဇွန်း

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်ဥကို (၈ မိနစ်) ပြုတ်ပြီး ရေအေးစိမ်ထားပါ ။ အခွံနွှာ ထက်ခြမ်းခြမ်းပါ ။
  2. ပါဝင်ပစ္စည်းများကို နုပ်နုပ်စဉ်းပါ ။ အရသာအားလုံး ရောနောပြီးကြက်ဥပေါ်တင်ပါ ။ အရသာရှိသော ကြက်ဥသုပ်ကို မိမိနှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ ။

Credit: Phoo Htoo