အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာ ရှမ်းပြည်ရောက်တိုင်း မဖြစ်မနေစားသင့်တဲ့ တို့ဟူးနွေး ပူပူလေးကို အိမ်မှာ ချက်စားချင်သူတွေအတွက် ဘယ်လိုချက်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဆန်စီးခေါက်ဆွဲထုပ် တစ်ဝက်
  • မြေပဲ မညှက်တစ်ညှက်ထောင်း (စားပွဲတင်ဇွန်း ၅ ဇွန်း)
  • နံနံပင် အနည်းငယ် (ပါးပါးလှီးပါ)

တို့ဟူးအတွက်

  • ကုလားပဲအစိမ်းမှုန့် (သို့) ကုလားပဲကို ရေစိမ်ပြီး ကျိတ်ပါ ၁ ဘူးခန့်
  • နနွင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • သကြား အနည်းငယ်
  • အချိုမှုန့်အနည်းငယ်

အနှစ်ချက်ရန်

  • ကြက်သား (သို့) ဝက်သား ၁၅ ကျပ်သား (တောက်တောက်စဉ်း (သို့) အတုံးအသေးလေးလှီးပေးထားပါ)
  • ခရမ်းချဉ်သီး ၃ လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ ပါးပါးလှီးပါ
  • ငရုတ်သီးခြောက် မှုန့် အနည်းငယ်
  • ဆား
  • ပဲငံပြာရည် အနည်းငယ်
  • ပဲငပိအနည်းငယ်
  • ဆီ
  • ကြက်သွန်ဖြူထောင်း (ဆီသတ်ရန်)

ပြုလုပ်နည်း

အရင်ဆုံး ဆီများများကိုအပူပေးပြီး ကြက်သွန်ဖြူ ထည့်လိုက်ပါ။ ပြီးရင် ငရုတ်သီးမှုန့်ထည့်လိုက်ပါ။ ပြီးရင် ပန်းကန်တစ်ခုထဲထည့်ထားပါ။

အဲဒီနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီထပ်သတ်လိုက်ပါ။ ခရမ်းချဉ်သီးထည့်ပြီး အနည်းငယ်လုံးလိုက်ပါ။ ပြီးရင် အသားတောက်တောက်စဉ်းကို ထည့်လိုက်ပါ။ အဲဒီနောက် ဆား၊ ပဲငပိ၊ ပဲငံပြာရည် နဲ့ အချိုမှုန့်ကို သင့်ရုံထည့်လိုက်ပါ။

အသားနူးဖို့ ရေအနည်းငယ်ထည့်လိုက်ပါ။ မီးရင် ဆီပြန်လာပြီဆိုရင် မီးပိတ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ထားပါ။

တို့ဟူးကို ကျိုးဖို့အတွက် ကုလားပဲမှုန့်ကို ရေ နဲ့ရောလိုက်ပြီး သမအောင်နယ်လိုက်ပါ။ ပီးရင် သေချာလေး မွှေပေးပါ။ နနွင်းနည်းနည်းထည့်မွေပါ။ အဲဒီနောက် မီးနည်းနည်းနဲ့ ကျိုပေးပါ။ ကျိုမေချိန်မှာ အဆက်မပြတ် မွေထားရပါမယ်။

တို့ဟူးနွေးမပျစ်တပျစ်လေးဖြစ်လာရင် မီးပိတ်လိုက်ပါ။ ဆန်းစီးခေါက်ဆွဲခြောက်ကို ရေနွေးလေးနဲ့ အနည်းငယ်ပြုတ် တို့ဖူးနွေးပူပူထဲ ခဏ ထည့်စိမ်လိုက်ပါ။ ပြီးရင် ဆီကျက်၊ ဟင်းအနှစ်၊ မြေပဲ၊ ပဲငံပြာရည်အနည်းငယ်၊ ကြက်သွန်မြိတ် (သို့) နံနံပင်တို့ကို ထည့်လိုက်ပြီး မွှေပေးလုက်ကာ သုံးဆောင်နိုင်ပါတယ်။ ဝက်ခေါက် ရှမ်းချဉ်တို့နဲ့ တွဲစားရင် အလိုက်ဖက်ဆုံးဖြစ်သလို အီကြာကွေးလေးနဲ့ တို့စားရင်လည်း အရမ်းမိုက်ပါတယ်။

By: MyFood Myanmar

Photo: www.pinterest.com