ခြံထွက်ဟင်းရွက်စုံ ကြော်ချက်

Share this on:

မိမိ၏ ခြံထဲတွင် ရှိသည့် မည်သည့် ဟင်းရွက် မဆို ၊ စားရ်ျရသည့် အသီးအရွက်များနှင့် ချက်ရ်ျ ရသည့် ဟင်းတခွက်ဖြစ်ပါသည် ။  စားကာနီးမှ ဟင်းသီးဟင်းရွက်များကို ခူးတော့ လတ်ဆပ်မှုရှိရ်ျ ပိုပြီးလည်း အရသာရှိပါတယ် ။ လွယ်ကူ မြန်ဆန်စွာ ချက်ရတဲ့ ဟင်းတခွက်လည်း ဖြစ်ပါတယ် ။

Screen Shot 2016-06-02 at 5.54.56 pm

ပါဝင်ပစ္စည်းများ

  • ခြံထွက် ဟင်းရွက်စုံ (ခြွေထားပါ)
  • ပဲပုပ် - ၁ချပ် (မီးကင်ထောင်းထားပါ)
  • ခရမ်းချဉ်သီး - ၁ လုံး (ပါးပါးလှီးထားပါ)
  • ဆီ - အနည်းငယ်
  • ဆား - အနည်းငယ်
  • အချိုမှုန့် - အနည်းငယ်

ပြုလုပ်နည်း

  1. ခြွေထားသော ခြံထွက် ဟင်းရွက်စုံကို သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ ။
  2. အိုးထဲတွင် ဆီ ၊ ခရမ်းချဉ်သီး ၊ ပဲပုတ် ၊ ဆား ၊ အချိုမှုန့် တို့ကို ထည့်လုံးပါ ။
  3. ပြီးလျင် ရေနွေး အနည်းငယ် ထည့်ရ်ျ အဖုံးအုပ် ထားပါ ။
  4. ရေတပွက် နှစ်ပွက် ဆူလျင် ခြံထွက် ဟင်းရွက်စုံကို ထည့်ပါ ။
  5. ဟင်းရွက်စုံများ နူးတာနှင့် ဖိုပေါ်မှ ချရ်ျ ပူပူလေးစားပါ ။
  6. အရသာ အပေါ့အငံမြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
Credit: Phyu Phyuhnin

Review

User Rating

4 (2 Votes)