အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အားလုံးလည်း အကြိုက်တွေ့ကြမယ့် နာမည်ကျော် အစားအစာတစ်ခုဖြစ်တဲ့ တို့ဟူးသုပ် ချဉ်ငံစပ်လေး သုပ်စားကြရအောင်ပါ။

တို့ဟူးကျိုရန်

တို့ဟူးကို အသင့်လုပ်ထားတာ ဝယ်လည်းရပါတယ်။ တကယ်လို့ အိမ်မှာ ကိုယ့်ကိုယ်ချက်ချင်ရင်တော့ အောက်ပါ ပါဝင်ပစ္စည်းတွေလိုအပ်ပါမယ်။

  • ကုလားပဲအစိမ်းမှုန့် (သို့) ကုလားပဲကို ရေစိမ်ပြီး ကျိတ်ပါ ၁ ဘူးခန့်
  • နနွင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • သကြား အနည်းငယ်
  • အချိုမှုန့်အနည်းငယ်

တို့ဟူးကို ကျိုးဖို့အတွက် ကုလားပဲမှုန့်ကို ရေ နဲ့ရောလိုက်ပြီး သမအောင်နယ်လိုက်ပါ။ ပီးရင် သေချာလေး မွှေပေးပါ။ နနွင်းနည်းနည်းထည့်မွေပါ။ အဲဒီနောက် မီးနည်းနည်းနဲ့ ကျိုပေးပါ။ ကျိုမေချိန်မှာ အဆက်မပြတ် မွေထားရပါမယ်။

တို့ဟူးနွေးမပျစ်တပျစ်လေးဖြစ်လာရင် မီးပိတ်လိုက်ပါ။ ပြီးရင် ပန်းတစ်ခုထဲထည့်ပြီး အေးအောင်ထားထားပါ။ တစ်ညလောက်ထားရင်လည်း ရပါတယ်။

တို့ဟူးသုပ် ဖို့ပါဝင်ပစ္စည်းများ

  • တို့ဟူး ပါးပါးလှီးထား
  • ဂေါ်ဖီအနည်းငယ်ပါးပါးလှီးပါ
  • ကြက်သွန်နီဥကြီး ပါးပါးလှီးပါ
  • နံနံပင် ခပ်ပါးပါးလှီးပါ
  • ကြက်သွန်ဖြူဆီချက် အနည်းငယ်
  • မန်ကျဉ်းမှည့် အရည်အနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ပဲငံပြာရည်အကြည်အနည်းငယ်
  • ပဲငံပြာရည်အနောက် အနည်းငယ်
  • ပုစွန်ခြောက်မှုန့်အနည်းငယ်
  • မြေပဲထောင်း အနည်းငယ်

ပြုလုပ်နည်း

တို့ဟူးသုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေအားလုံးကို သင့်သလို ထည့်လိုက်ပါ။ ပြီးရင် ခပ်ဖွဖွလေးနယ်ပေးပြီး သုံးဆောင်နိုင်ပါတယ်နော်။ နံနံပင်ကို အပေါ်ကနေ ဖြူးထည့်ပေးလိုက်ပါ။ ကဲ တို့ဟူးသုပ် ချဉ်ငံစပ်လေး သုံးဆောင်လို့ရပါပြီနော်။

Photo: www.pinterest.com
By: MyFood Myanmar