ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ သံပုယိုသီးကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ သံပုယိုသီးကို သံလွင်ဆီနဲ့ ရောပြီးသောက်တဲ့အခါမှာတော့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲဆိုတာ မျှဝေပေးသွားပါမယ်။ သိပ်လည်းအပန်းမကြီးတဲ့အပြင် လုပ်ရတာလည်း လွယ်ကူပါတယ်။

ပါဝင်ပစ္စည်း

  • သံလွင်ဆီ ၁ ဇွန်း
  • သံပုယိုသီး ၁ လုံး

သံလွင်ဆီ ၁ ဇွန်းထဲကို သံပုယိုသီး ညှစ်ထည့်ပြီး မနက်တိုင်းမှာသောက်ပေးပါ။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ဝမ်းချုပ်ခြင်း

constipation

အခုလို သံပုယိုသီးကို သံလွင်ဆီနဲ့သောက်ပေးတာဟာ အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကုသပေးနိုင်ပါတယ်။

အဆစ်အမြစ် ရောင်ရမ်းခြင်း

ပါဝင်ပစ္စည်း ၂ မျိုးလုံးမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ အဆစ်အမြစ် ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။

အသည်း

heart-disease-03

အသည်းရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်ပါတယ်။

သွေးလည်ပတ်မှု

သံလွင်ဆီမှာ Omega 3 Fatty Acid ပါဝင်လို့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်း ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပါတယ်။

အသားအရေ

သံပုယိုသီးနဲ့ သံလွင်ဆီကို ရောပြီးလိမ်းပေးရင်လည်း ဝက်ခြံ အဆီပြန်တာတွေကို သက်သာစေပါတယ်။