ခရမ်းသီးကို ကြိုက်ကြရဲ့လား။ ခရမ်းသီးကို မီးဖုတ်ပြီးစားစား ကြော်ပဲစားစား ချက်ပဲစားစား အမျိုးမျိုး မိမိစိတ်ကြိုက် ချက်စားလို့ရပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေကလည်း ခရမ်းသီးကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြလို့ ထမင်းစားလည်းမြိန်တယ်။ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများတယ်။ ခရမ်းသီးကြိုက်တတ်သူတွေအတွက်တော့ တစ်ချက်ခုတ် ၂ ချက်ပြတ်ပါပဲ။

eggplant-and-diabetes-management

ခရမ်းသီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓါတ်တွေအများပြားပါဝင်နေပါတယ်။ ဗီတာမင်ဓါတ် အမျှင်ဓါတ်နဲ့ Chlorogenic အက်ဆစ်ဓါတ်တွေပါဝင်တာကြောင့် နေ့စဉ်အခြေခံအစားအစာအဖြစ် စားသုံးပေးသင့်တဲ့ သီးနှံတစ်မျိုးပါ။

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေမဲ့ ခရမ်းသီး။

shutterstock_108397211-400x2501244968-large

၁။ ခရမ်းသီးကို ပုံမှန်စားသုံးပေးတာဟာ သွေးခဲမှုကို ကာကွယ်ပေးပါတယ်။

၂။ ဒါ့အပြင် မကောင်းတဲ့ကိုယ်လက်စရောကိုကျစေပါတယ်။

၃။ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဦးနှောက်ကိုလည်း အဟာရဓါတ်တွေပေးပါတယ်။ ခရမ်းသီးကိုစားတဲ့နေရာမှာ အခွံပါတွဲစားပေးတာက ပိုပြီးအာနိသင်ရှိပါတယ်။

၄။ ဆီးချိုကို ထိန်းထားပေးနိုင်ပါတယ်။

၅။ သွေးဖိအားကိုမှန်စေပြီး စိတ်ဖိစီးမှု လျှော့ကျစေပါတယ်။

၆။ ခရမ်းသီးမှာ ကိုလက်စထရော ပါဝင်မှုနည်းပြီး အဆီဓါတ်မပါတဲ့အပြင် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

၇။ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးတဲ့အပြင် ကျန်းမာသန်စွမ်းတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။