အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး အလွယ်အကူလုပ်စားလို့ရတဲ့ ပုဇွန်၊ ပန်းဂေါ်ဖီစိမ်း ထမင်းကြော်ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပန်းဂေါ်ဖီစိမ်းအနည်းငယ်
  • ဆီ
  • ပုဇွန် (အခွံနွှာလိုက်ပြီး သန့်ရှင်းရေးလုပ်ထားပါ)
  • ကြက်သွန်နီ ၁ လုံး ပါးပါးလှီး
  • ထမင်း ၄ ခွက်

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ကြက်ဥ ၃ လုံး
  • ပင်စိမ်းရွက်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ရေနဲ့ ဆားကို ပွက်ပွက်ဆူအောင် သည်လိုက်ပြီး ပန်းဂေါ်ဖီစိမ်းကို စက္ကန့် ၃၀ ၊ ၁ မိနစ် လောက်ပြုတ်လိုက်ပါ။ ပြီးရင်ရေအေးအေးနဲ့ ဆေးချလိုက်ပါ။

ဆီကိုအပူပေးလိုက်ပြီး ပုဇွနကြော်လိုက်ပါ။ ပုဇွန်ရပြီဆိုရင် အိုးထဲက ထုတ်ပြီး အပြင်မှာထားထားလိုက်ပါ။

အဲဒီနောက် ဆီထပ်ထည့်ပြီး ကြက်သွန်နီကို ဆီသတ်လိုက်ပါ။

ကြက်သွန်နီ နုးအိအိလေးဖြစ်လာရင်တော့ ထမင်းထည့်လိုက်ပါ။ ပြီးရင်တော့ ငါးငံပြာရည်၊ ဝိုင်၊ နှမ်းဆီ၊ ပဲငံပြာရည် ၊ ဆား နဲ့ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။

ကြက်ဥထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

အဲဒီနောက် ပုဇွန်နဲ့ ပန်းဂေါ်ဖီစိမ်းထည့်ကြော်လိုက်ပါ။

ပြီးရင်တော့ ပင်စိမ်းရွက်ထည့်လိုက်ပြီး ထမင်းကို အနည်းငယ် ခြောက်အောင်ကြော်ပေးလိုက်ပါ။ ရပြီဆိုရင်တော့ သုံးဆောင်နိုင်ပါပြီနော်။ ငံပြာရည်ကြော်လေးနဲ့ စားလည်းရပါတယ်။

Source: www.thewoksoflife.com

By: MyFood Myanmar